ကမ္ဘာကျော်ပန်းချီကားတွေပါ။
ဒီပန်းချီကားတွေကို အကြင်နာ နန်းတော်
မှ ကူးယူခဲ့တာပါ။
1. Mona Lisa by Leonardo Da Vinci
လီယိုနာဒို
ဒါဗင်ချီ ရဲ့  မိုနာလီဆာ ပန်းချီကားဟာ ကမ္ဘာ့ အကျော်ကြားဆုံး
ပန်းချီကားဖြစ်ပါတယ်။ ပြင်သစ်အစိုးရ ကပိုင်ဆိုင်ပြီး၊ ပါရီမြို့ 
အမျိုးသားပြတိုက်မှာ ချိတ်ဆွဲ ပြသထားပါတယ်။ အမျိုးသမီး တစ်ဦးက
ပန်းချီကားကြည့်သူကို လှမ်းပြီးကြည့်နေတဲ့ပုံ ဖြစ်ပါတယ်။ နားလည်ရခက်သော
အပြုံး (မိုနာလီဆာအပြုံး) အဖြစ်ဖော်ပြလေ့ ရှိကြပါတယ်။ တကယ်လို့
ရောင်းချမယ်ဆိုရင် ဈေးအကြီးဆုံး ပန်းချီကားတစ်ကား ဖြစ်မှာပါ။

2. Starry Night by Vincent Van Gogh
လူသိများတဲ့ ပန်းချီကားပါ။ (ဗင်းဆင့်ဗန်းဂိုး ရဲ့  ကြယ်တွေစုံသောည)

3. Luncheon of the Boating Party by Pierre Auguste Renoir
ပန်းချီပညာရှင်
ရီနွိုင် က သူ့မိတ်ဆွေများ ပြင်သစ်နိုင်ငံ၊ စိန်း မြစ်ကမ်း မှာ
အပမ်းဖြေအနားယူနေပုံ ကို ရေးဆွဲထားခြင်းဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ
(၁၉)ရာစုနှောင်းပိုင်းကာလ လူလတ်တန်းစား အလွှာရဲ့  ဘ၀သရုပ်ဖော် ဖြစ်ပါတယ်။

4. Girl with a Pearl Earring by Jan Vermeer
မင်္ဂလာမဆောင်မီ
အမျိုးသမီးလေး တစ်ဦးရဲ့  ပုံတူပန်းချီကား ဖြစ်ပါတယ်။
နေက်ခံမထည့်ပဲထားလို့ သူမရဲ့  ပုလဲနားဆွဲလေးကို ပေါ်လွင်ထင်ရှားစေပါတယ်။

5. Café Terrace at Night by Vincent Van Gogh
ဗင်းဆင့်ဗန်းဂိုး
ရဲ့  ညချမ်းအချိန် လမ်းဘေးကဖေးလေး ဖြစ်ပါတယ်။ ဗန်းဂိုးရဲ့  ကိုယ်ပိုင်
ရေးဆွဲဟန်လေးဖြစ်ပြီး အရောင်နွေး (warm colors) ကို သုံးထားပါတယ်။

6. Corner of the Garden at Montgeron by Claude Monet
မိုးနက်
ရဲ့  ပန်းချီကားလေးဖြစ်ပြီး ၁၈၇၇ မှာရေးဆွဲခဲ့ပါတယ်။ မိုးနက် ကို Classic
impressionist အဖြစ် လူသိများပါတယ်။ မောင့်ဂါရွန် က ပန်းခြံထောင့်လေးမှာ
ရေးဆွဲထားခြင်းဖြစ်ပြီး သဘာဝ အလင်းနဲ့ အရောင် သဘောတရားတွေကို ထိထိမိမိ
ဖော်ပြနိုင်ခဲ့ပါတယ်။

7. The Dream by Pablo Picasso
ပက်ဘလို
ပီကာဆို ရဲ့  အိပ်မက် ပန်းချီကား။ ပီကာဆို ဟာ မော်ဒန်ပန်းချီကို
စတင်ခဲ့သူလို့ပြောနိုင်ပါတယ်။ ၂၀ ရာစုခေတ်ရဲ့  အကျော်ကြားဆုံး
ပန်းချီဆရာပါ။

8. The Persistence of Memory by Salvador Dali
ဒီပန်းချီကားကို
၁၉၃၁ မှာ ဆာ(လ)ဗာဒေါ်ဒါလီ က ရေးဆွဲခဲ့ပြီး နယူးယော့မြို့ 
မော်ဒန်ပန်းချီပြတိုက်မှာ ချိတ်ဆွဲ ပြသထားပါတယ်။ အရေပျော်ကျနေတဲ့
အိတ်ဆောင်နာရီလေးတွေ ဖြစ်ပါတယ်။

9. From the Lake by Georgia O’Keeffe
ပန်းချီဆရာမ
ဂျော်ဂျီယာ အို ကီးဖီး ရေးဆွဲထားတာပါ။ ၁၉၀၀ နှစ်ဦးပိုင်း၊ နယူးယော့ က
ဂျော့(ဂျ) ရေကန်ကြီးရဲ့  ရေလှိုင်းနုလေးတွေကို သရုပ်ဖော်ထားခြင်းဖြစ်ပါတယ်။

0 comments:
Post a Comment