နွေရာသီ အလှဖွဲ့ ကဗျာလေး တစ်ပုဒ်



ရွတ်ဆိုဖို့ အသံသာတဲ့ ကဗျာလေး
ဖြစ်သလို……………
ခံစားဖို့ရာလည်း စကားလုံးဝေဆာတဲ့
ကဗျာလေး တစ်ပုဒ်ပါ……………

 


❦❦နွေဆီရောက်ငြား အစချီ
ကိုယ်တွင်းပြည့်
ပိုဒ်စုံ ရတု❦❦

နွေဆီရောက်ငြား၊ မနား ငှက်ငယ်
ဆောင်းခိုမယ် လား၊ ပျက်ပြယ် သွားမှ
ခန စက်ရန်၊ ပျံပါလေအုံး
မိုင်ချီ နှုန်းနဲ့၊ ရုန်းထွက်မယ်ပြင်
မိုးသက် ဆင်လာ၊ ပင် ရှာခက်တုန်း
မြင်ရာ ပုန်းဖို့ နေပူရှင့်…။ ။

ထွေလီဖောက်ပြား၊ ကစား သက်လှယ်
ခေါင်းကို ကွယ်ထား၊ မျက်ကွယ် အားရ
ဘဝပျက်ဟန်၊ ဖန်ပါစေအုံး
ခိုင်ကျည် ထုံးဖွဲ့၊ သုဉ်းပျက်တယ် ထင်
ချိုးဖျက် ညင်သာ၊ ကြဉ် ရာသက်လုံး
သင်္ခါ ဆုံးသို့ ခြွေယူလင့်…။ ။

သွေဖီ ခြောက်ခြား၊ သနား ဖက်တွယ်
တောင်းဆို ပယ်အား၊ ပြက်ရယ် ခါးမှ
မလှ နက်ဖန်၊ ကံသာစေ ရှုံး
နိုင်ချည် ပြုံးလှည့်၊ အုံးစက်ဝယ် ယှဉ်
ပြိုးပြက်စင်ကာ၊ ရင် နာလျှက်တုန်း
ကြင်နာဆုံးမို့ ဗွေယူသင့်…။ ။

တောက ကိုရင်
၂၅.၁၀.၂၀၁၁





ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်


ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီမှာ } သွားလိုက်ပါ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment