ဗေဒါလမ်း



(ဆရာဇော်ဂျီရဲ့
ဗေဒါလမ်းကဗျာ လေးတွေကို
ဖတ်ချင်တဲ့ အစ်ကို တစ်ယောက်အတွက်ပါ……)

ဗေဒါလမ်း

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။

ဇော်ဂျီ

နီနီဝင်းရွှေ သီဆိုထားတဲ့
သီချင်းလေးကို
နားထောင်ချင်တယ်ဆိုရင်တော့
အောက်မှာပေးထားတဲ့
လင့်ခ်ကနေ ဒေါင်းယူလို့ရပါတယ်ခင်မျာ



 ဒီနေရာလေးမှာ သွားပြီးယူလိုက်ပါ။



ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်


ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီမှာ } သွားလိုက်ပါ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment