နယ်စပ်ဒေသမှ ဆရာမင်းလူ



ဆရာမင်းလူ ရဲ့ ကဗျာလေးတွေကို တောင်းဆိုထားတဲ့ သူငယ်ချင်းတစ်ယောက်အတွက်ပါ...
ဆရာမင်းလူလည်း... သူ့ကဗျာလေးထဲကအတိုင်း သူကူးခပ်သွားခဲ့တဲ့
နယ်စပ်ဒေသလေးမှာ ရယ်စရာဟသတွေနဲ့ ပျော်မွေ့နေပါစေလို့
ကျွန်တော်နဲ့ အတူ မန်ဘာအားလုံးက ဆရာ့အတွက် ဆုတောင်းပေးလိုက်ပါတယ်ဗျာ...

နယ်စပ်ဒေသ

နေ့ နဲ့ ည ကြားမှာ
တစ်စက္ကန့် ပဲ ခြားတယ်။

တစ် ဒီဂရီနဲ့ 
သုံးရာခြောက်ဆယ် ဒီဂရီကြားမှာ
တစ် ဒီဂရီပဲ ခြားတယ်။

ဆောင်းနဲ့ နွေကြားမှာ
လေတစ်ဝှေ့ ပဲ ခြားတယ်။

အပြာနဲ့ အစိမ်းကြားမှာ
အ၀ါတစ်စက်ပဲ ခြားတယ်။

ရှင်ခြင်းနဲ့ သေခြင်းကြားမှာ
မျက်တောင်တစ်ခတ်ပဲ ခြားတယ်။

အချစ်နဲ့ အမုန်း ကြားမှာ
မျဉ်းတစ်ကြောင်းပဲ ခြားတယ်။

ဟိုဘက်ကို ကူးဖို့ ဆိုတာ
လွယ်လွယ်ကလေးပါ။ ။

မင်းလူ...





ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်


ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီမှာ } သွားလိုက်ပါ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment