ချစ်စရာကောင်းတဲ့ စာဆို (သို့မဟုတ်) မယ်ခွေ


 လက်ဆောင် ဆိုတာ သူသူကိုယ်ကိုယ် တန်ဖိုးထားချစ်ခင်ကြတဲ့ အရာပဲမဟုတ်လား...ပြီးတော့ မြန်မာကဗျာလေးတွေကို မြတ်နိုးစုံမက်တဲ့ ကျွန်တော်မိတ်ဆွေတွေ မယ်ခွေ ဆိုတာကို ကြားဖူးကြမှာပါနော်။

အဲလို မယ်ခွေ လို့ဆိုလိုက်တာနဲ့ ဆေးတံတို လေးကိုပါ ပြေးမြင်မိကြလိမ့်လို့
ကျွန်တော်ထင်တယ်....ဟုတ်...အခုတင်ဆက်ပေးချင်တာက မယ်ခွေရဲ့
လက်ဆောင်(တစ်ချို့ကလည်း ဆေးတံတို လက်ဆောင်လို့ ခေါင်းစဉ်ပေးကြပါတယ်..ကျောင်းသုံးပြဌာန်းစာအုပ်မှာတော့
လက်ဆောင်လို့ပဲ အမည်ပေးထားပါတယ်) ဆိုတဲ့ ကဗျာလေးပါ။

ချစ်စရာကောင်းတဲ့ ဒီကဗျာလေးကို ရွတ်ဖတ်ကြည့်ရင်း ဘ၀အမောတွေ
သာယာကြည်နူး ပွင့် ဝေ ကြ ပါ စေ ဗျာ.....

“ဆေးလိပ်လက်ဆောင်”

မ၀ယ်ဘူး မယ်ခူးတဲ့ဖက်စို။

မီးမကူ နေပူမှာမကင်အားလို့

ထားရတယ်အိပ်ယာအောက်မှာ

မင်းသောက်ဖို့ကို။

ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို

မချိုတောင့်လိပ်ဆေး။

ပိုးမကူ ၀ါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်

ငယ်ချစ်မောင်ရွှေဝသွားကို

ပါးလိုက်ကဲ့လေး။

မယ်ခွေ
(လေးချိုး)

မီးမကူ = မီးဧ။်အကူအညီမယူဘဲ။
မကင်အား = မကင်ရက်။
မချိုတောင်း = မချိုစတောင်း ချိုသည်၊ အလွန်ချိုသည်။






ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်


ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီမှာ } သွားလိုက်ပါ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment