နှမလက်လျော့ နေလေတော့

ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ့်ရှင်အစစ်၊
ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊ ထုံးစတွင်၌၊
သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊
ကွပ်ဆုံးမလည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊
သန်းခေါင်မဟူ၊ အတူယှဉ်နွှဲ၊ သန်းလွဲမခန့် ၊
အသက်စွန့် ၍၊ ဝေးဓွန့် ခရီး၊ ချုံကြီးတောအုံ၊
ဝါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊
မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေ
သော်၊ ကြေးရွှေဂဟေ၊ မစပ်လေသို့ ၊ စာပေ
တတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျမ်းဂန်သိမြောက်၊ ပဉ္ဇင်း
ရောက်က၊ ထပ်လှောက် ကြင်ဖွယ်၊ ရှေးသော
နှယ်ကို၊ အဘယ်ကြိုးရှာလေတော့မည်။

လူ့ မြေတီထွင်၊ ဘက်မမြင်သား၊ သန့် စင်
ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချစေ့ရ၊ မှာစာခွေ
ကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောက်မျိုး
ခြယ်၍၊ ဆင်စွယ်ဝန်းယှက်၊ မွေးမယ်ရက်သည်၊
အသက်တို့ က၊ ဆက်လှာရလည်း၊ မူလသိက္ခာ၊
ဆုံးမစာနှင့် ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊
အပ်တိတစ်သွား၊ ဆံတစ်ဖျားမျှ၊ မမှားအာရုံ၊
ကာမဘုံကို၊ မခြုံရချေ၊ ဖြတ်ငယ်သေစွ၊ ကမ္ပလွေ
ရင်ပိုက်၊ တစ်ကိုက် မကျွတ်၊ စာလက်လွှတ်၍၊
ဖြစ်တတ်ဘိသည်၊ သံသာရှည်ခဲ့၊ ဖန်လည်ရတတ်၊
တစ်ပတ်ပတ်လျှင်၊ အနတ်ဒုက္ခ၊ နိစ္စလည်းဟူ၊
နှလုံးမူစွ၊ ပေးလှူစွန့် ကြ၊ ဤဘ၀တွင်၊ နှမလက်
လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊
ငှက်မုံကျေးကျုတ်၊ ချမင်းတုပ်သို့ ၊ စိတ်ချုပ်မပွင့်၊
ပျံ့ လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊
ဒေါသမြှေးထူ၊ ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာ
လေတော့မည်။
ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ ပင်
တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည်သားများ၊
မြို့ ရှေးပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုး၌၊
ပုဆိုးကြာညွန့် ၊ ပိတ်လှပ်တွန့် ကို ၊ ဖြန့် ၍တစ်လည်၊
ရစ်ဖွဲ့ ချည်၍၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမြနှင့်၊
ခက်မတစ်ထောက်၊ ပညောင်စောင့်တတ်၊ ရှင်
နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုမိပေရှင့်၊
မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊
သနားဖွယ်ကို၊ ရှေးနှယ်ကြိုးကုတ်၊ ချမင်းတုပ်နှင့်၊
ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်
သက်ကြီးဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်း
ခေါင်ဆူလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည်ထပ်ဆင့်၊
ဖူးချိန်သင့်ကို၊ မျှော်လင့်ခိုးရှာလေတော့သည်။


ရှင်မဟာရဌသာရ

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment