အချာကဗျစ်

ဘာကြောင့် မောင့်ကိုပိုချစ်သွားတယ်ဆိုလား
ကွမ်းယာဆိုင်ကစာသားလို
ငါလည်းအချင်းဆေးစရာလင်ပန်းကိုမရှိလို့
လူပြောသူပြောများတဲ့
ဥတုရာသီပြောင်းပြန်ပြန်ပြီစာအုပ်ကို
အင်္ဂလိပ်လိုမဖတ်ဘူးလို့
မော်ဝါဒနှင့် အညီတည်ဆောက်ထားသော
သန့်ရှင်းသည့်အိမ်သာများလား
လွှတ်တော်တွင် ခန့်အပ်ထားသည့်အမတ်များ
ဆိုပါလား
ရှပ်အကျီဟာ ယုံကြည်ချက်ဖြစ်ချင်ဖြစ်ကွယ်
လပေါ်မှာ ဗိုလ်ချုပ်ပုံ
ဂေါ်ဘာချက်နဖူးမှာ မြန်မာပြည်ပုံ
အခုကျမဘယ်သူကို မဲပေးရမလဲ
ငြင်းစရာမရှိ
ဒီအခန်းမှာ မင်းနဲ့ငါသာရှိ
တစ်ခေါက်ပြီးတော့ တစ်ခါ
ချစ်ရတာ
ဘတ်စ်ကားပေါ်မှာ ထိုင်ခုံလုသလောက်
ပိုက်ဘောမိနေတဲ့ ၂ရာတန်အစုတ်ကို ပြန်ထုတ်ရသလောက်
ကဲပါ
သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့အနေနဲ့
ငါတို့လည်း ကြွပ်ကြွပ်အိပ်အစား….

မိုးဆတ်

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment