ငါက ငါ့ကို

ငါဟုတ်တာကို ငါဟုတ်တယ်ပြောတာ ငါဟုတ်မလိုလိုပဲ
ငါက ငါ့ကို ငါဗဟိုပြုဖို့ ငါပျောက်ဆုံးနေတယ်
ငါက ငါ့ကို ငါ့ရဲစခန်းမှာ ငါတိုင်ချက်ဖွင့်မယ်
ငါက ငါ့ကို ဖမ်းဆီးချုပ်နှောင်ထားသလား
ငါ့အခွင့်အရေး ငါကိုယ်တိုင်က ငါချိုးဖောက်ထားသလား
ငါက ငါ့ကို ၀န်းရံထားပါ
ငါက ငါ့ကို စည်းရုံးထားပါ
ငါက ငါ့ကို မဲပေးရမယ်
ငါက ငါ့ကို ရွေးကောက်ရမယ်
ငါက ငါ့ကို ကာကွယ်ပေးမယ်
ငါက ငါ့ကို ငါ့မူဝါဒ ငါသတ်မှတ်မယ်
ငါ့မူဝါဒ ငါ့ကို ငါက ငါပဲဖြစ်ပစေ
ငါကွာနေတာကို ငါရှင်းဖို့လုပ်တာလည်း ငါ့ပြဿနာပဲ
ငါဟာနေတာကို ငါရှာဖို့လုပ်တာလည်း ငါရှုပ်တာပဲ
ငါက ငါ့ကို ဈေးနှုန်းချိုသာစွာ ငါသတ်မှတ်တယ်
ငါက ငါ့ကို ငါလက်ဆောင်တွေ ငါပေးရမယ်
ငါက ငါ့ကို ငါဆုချရမယ်
ငါက ငါ့ကို ငါအရူးထတာ
ငါက ငါ့ကို ငါထောက်ခံရမယ်
ငါက ငါ့ကို ငါ့အကျိုး ငါသယ်ပိုးရမယ်
ငါက ငါ့ကို ငါ့သေတွင်း ငါတူးရမယ်
ဟေ့ငါ .. ငါတဒေါက်ဒေါက်နဲ့
ဘယ်ကောင် ငါက ငါ့တံခါးလာခေါက်တာလဲ
ငါ အာရုံပျက်တယ်
ငါ အာရုံနောက်နေတယ်
အခုငါက ငါ့ကို ငါပြော ပြောနေတယ်
ငါ့အတွက် ယနေ့တွက်တာ ငါဝမ်းနည်းစရာ
ငါဘယ်လောက်များများ ငါရထားပြီလဲ
ငါက ငါ့ကို ငါသက္ကာယဒိဌိ
ငါ့ကို ငါက ငါဖြစ်နေတယ်။

တောကျောင်းဆရာ

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment