အခုပြန်ရောက်သွားရင်လည်း အခုပြန်လွမ်းစရာပဲ
အဲဒီမှာ စစ်မီးစစ်လျှံတောက်လောင်ခဲ့သလား
အဲဒီမှာ လူတစ်ယောက်ကျောခင်းစရာတစ်နေရာ အခက်အခဲတွေ့ခဲ့သလား
အဲဒီမှာ ဆုံးဖြတ်ခက်ခဲနေ့ရက်တွေ
အဲဒီမှာ ဖြစ်သလိုပဲ ဒရွတ်တိုက်ပါ ကိုယ်လွတ်ရုန်းခဲ့ရ နေ့ရက်တွေ
ဝေးပေမယ့် တစ်ချို့မှတ်ဥာဏ်တွေ ခိုကပ်နေဆဲ
ပြာအဖြစ်မျောချလိုက်ပြီးချိန်မှာတောင် ညှော်နံ့ဟာ သင်းပျံ့နေဆဲ
မနေ့တစ်နေ့ကလိုပဲ
ဒီနေ့မှာ လှုပ်ခါသွားသလိုပဲ
အတိတ်ဆိုတာ….ဒီကိုယ်ခန္ဓာရဲ့အစိတ်အပိုင်းတစ်ခုပဲ
အတိတ်ဟာ…ဘ၀ကူးတဲ့အခါ သယ်ဆောင်သွားရမယ့် ကတို့ခ
ထောင်ချောက်ထက် အစာကိုသာမြင်
နာစရာထက် အလွမ်းကိုသာမြင်
ပြီးသွားတော့ ပြီးသွားတာပဲမဟုတ်လား ဒါပေမယ့်
ဘယ်လိုပြီးသွားတာလဲ ဆိုတဲ့ မေးခွန်းက ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံ
နည်းနည်းလေး အသက်ရှိသေးနေတဲ့ တစ္ဆေနဲ့ ဇာတ်သိမ်းလိုက်တဲ့ ရုပ်ရှင်လို
ဆက်ရန် နည်းနည်းလေး ချန်ထားခဲ့သော ငါတို့ အတိတ် ။
နေ၀ိုင်ဝိုင်
0 comments:
Post a Comment