မနေ့က Valentine(2014)

လိုနေတဲ့ ပိုက်ဆံနှစ်ထောင်က
ချစ်သူကို
လက်ဆောင်ဝယ်မပေး ဖြစ် လိုက် ဘူး။

ကြေမွနေတဲ့
သက်ပြင်းသံ မဆုံးခင်မှာ
'ညီမလေးကြိုက်ရင် ကိုကြီးဝယ်ပေးမှာပေါ့'
ဆိုတဲ့ စကားသံနဲ့
ငါရပ်နေတဲ့ စတိုးဆိုင်ထဲမှာ
ကျီးတွေ ပြိုကျလာတယ်။

အဲဒီညနေလေ
လက်ညှိုးညွှန်ရာ ရေမဖြစ်ဘဲ
သစ်ရွက်တွေပဲ ကြွေ ခဲ့ ရ တဲ့ ခေတ်။

'မိကျောင်း'ကနေ ဖြစ်သွားတဲ့'ဖွတ်' ကို
ဘယ်မြစ်ကမှ လိုချင် တော့မှာ မဟုတ်ဘူး
ဆိုတာသိတယ်။

မနှစ်ကလိုပါပဲ
အဝေးပြေး ဂိတ် လေးရယ်။

ငါ့ပစ်မှတ်ကို
သူများကပဲ ဓါးနဲ့ဝင်ပေါက်သွားပြန်ပြီ။

နေ အ ဝေး


Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment