ရေပက်ချင်တယ် မေဇင်
မြူဝေဝေ လူတွေထဲ
အရောင်မွဲနေတဲ့ ငွေဖလားလေးမှာ
နင့်ဆံနွယ်စတွေ က
ဒီနှစ်မှာ
အတာစားတယ်။
တွေ့ခွင့်မရဘူး
မြင်ခွင့်မပေးဘူး
ဟိုမှာ
ဝတ်ဆံကြွေသွားတဲ့
ပိတောက်ပန်းလေးလို
နင့်တစ်ယောက်ကြောင့်
ငါတို့ မိဿရာသီ နက္ခတ့်
သင်္ကြန်နဝင်း ပျက်ကြွေကျခဲ့ပေါ့
နင့် ပါးပေါ်ကမွှေးညှင်လေးတွေ
နင့် ခြေဖမိုးက သွေးကြောမျှင်တွေ
စီစီရီရီ
အလီလီ ပြတ်ထွက်သွားတဲ့အထိ
သရဖီခွက်နဲ့
နင့်ကို ရေပတ်ချင်တယ် မေဇင်
ဟိုမှာ တူးပို့သံတွေ
ဟိုမှာ ရေညိုညိုရစ်ခါသမ်းတဲ့ ညနေ
နံ့သာရည်ငွေခွက်နဲ့
နင့်ကို ရေပတ်ချင်ပါတယ် မေဇင်
တစ်တောလုံးပြာ
တစ်တောင်လုံးမှိုင်း
တစ်မိုးလုံးညှို့
တစ်မြို့လုံးစို တဲ့သင်္ကြန်
ခေါင်းပေါ်မှာ ပန်ထားတဲ့
မနှစ်က
ပိတောက်ပန်းတွေ ကို ပစ်ချပြီး
ပင်ယံထက်မော့ ကြည့် သူ
သိင်္ဂါရမျက်ဝန်းအိမ်မှာ
ပိတောက်ပန်းအသစ်တွေ
ဝါဝါထိန်နေတဲ့
ဒီနေ့
မဟာသင်္ကြန်အကြိုနေ့ပါ။
နေအဝေး
ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်
ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီနေရာကနေ} သွားလိုက်ပါ။
ပို့တင်သူ❀နေအဝေး
0 comments:
Post a Comment