လေးမောင့်စံကျောင်း

ကျွန်တော်တို့တွေ ဒီကဗျာလေးကို ဖတ်လိုက်ရတဲ့ အချိန်မှာ state ကျောင်းသားဘဝကို သတိရသွားလိမ့်မယ် လို့ ထင်ပါတယ်။
လွမ်းမောစရာ ဘဝတွေကို
ဘဝလမ်းပေါ်မှာ တစ်ခါပြန် သတိရစေနိုင်ဖို့ စလေဦးပုညရဲ့


လေးမောင့်စံကျောင်း
─────────────
မုလေးရုံတောအစ၊ ဒေါနလမ်းမြေညီ၊ လျှောကျစမ်း ရေသင်းကြည်တယ်၊ ရွှေနှင်းဆီကန်ချောင်း၊ လွမ်းမတတ် စကားဝါငူမှာ၊ နံ့သာဖြူလေးမောင့်စံကျောင်း။
စပယ်ချပ် သရဖီချောင်မှာ၊ ခွာညိုတောင် ခိုအောင်း၊ မွှေးနံ့သာစုပေါင်းလို့၊ နုညောင်စောင်းထက်မှာ၊ ပဒုမ္မာကြာသင်္ကန်းငယ်နှင့်၊ ခါဆင်မြန်း တောမွေ့ပျော်ရာ။
ပန်းသော်က တံတိုင်းကာသည်၊ ဇီဇဝါ မုခ် ခြားလို့၊ တံခါးက ချယားကြိုင်၊ သင်းတဲ့ ဂနိုင်၊ ယုဇန မဟာမြိုင်မှာ၊ ကမ္ဘာတိုင်မှီးမယ်ပလေး။
စလေဦးပုည




ကျွန်တော့်ဆိုဒ်ထဲကို ခုလိုအလည်ရောက်လာ တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ သူငယ်ချင်း စိမ်းလန်းငြိမ်းချမ်း ပျော်ရွှင်သွားပါစေ နော်။ နောက်ထပ်လည်း အဆင်ပြေကြုံကြိုက်ခဲ့ပါရင် အလည်ထပ်လာခဲ့ပါဦး။ မျှော် နေ မယ် … … …။
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment