နှုတ်ဆတ်တေး



လေရူးတွေ ဝေ့တုန်း ခဏ
မေ့ နားတွေ ပိတ်ထား ပါ ရ စေ လား
သိမ်းထားတဲ့ မောင့် ရယ်သံလေး
လေ ပွေ လိုဝဲရင် ငိုချင်ပြန်လို့ပါ မောင်

မပိုင်ဆိုင်လိုဘူး ဝေးပါစေ
ဒီတိုင်းလေး ထွေးပွေ့လိုက်မယ်
ကြမ်းတမ်းလွန်းတဲ့ မေ့လက်တွေ
မောင် မတွဲချင်စမ်းနဲ့ကွယ်

မောင့် ဘ၀ ထဲက နှုတ်ဆက်မသွားခင်
မေ့ ကို ခဏ လောက် ခွင့်ပြုပါဦး

ပုခုံးချင်းတိုက်ခဲ့ဖူးတဲ့ ခုံတန်းလေးနား
မောင့် ခြေရာတွေ သွားကောက်ရင်း
အတူကြည်နူးခဲ့ မြက်ခင်းစိမ်းတွေဆီ
မောင့် အ ငွေ့ အ သက် လေး သွားငေးဦးမယ်

တစ်သက်လုံးစာ မောင့်အပြုံးတွေအတွက်
မေ ဈေးမဆစ်တော့ပါဘူး
တန်ရာ တန်ကြေး ထားလိုက်ပါ
မေ့ နှလုံးသား ကို အဖိုးအခ အဖြစ်ပေါ့ မောင်


လ၀န်းပြာ






ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်


ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီမှာ } သွားလိုက်ပါ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment