ကတိ



ကျွန်မ အလှသိပ်ကြိုက်ပါတယ်
ဒါပေမယ့်
မောင့်ကိုချစ်မိတာ သေချာသွားတဲ့နေ့ကစ
လက်သည်းရှည်တွေ မထားတော့ဘူး

တစ်ချိန်ချိန်မှာ…………
မောင်က ကျွန်မရဲ့  လက်ဖျားလေးတွေကို
တယုတယ ထွေးတဲ့အခါ အ နှောင့်အယှက် ဖြစ်မှာစိုးလို့ပါ
မောင့်အတွက်မနက်စာပြင်တဲ့အခါ
မသန့်ရှင်းမှာစိုးလို့ပါ မောင့်အဝတ်တွေလျှော်တဲ့အခါ မစင်ကြယ်မှာစိုးလို့ပါ
မောင့်အလုပ်တွေကူတဲ့အခါ မပြီးစီးမှာစိုးလို့ပါ

တစ်ချိန်ချိန်မှာ…………
မောင့်ရင်သွေးလေးကို ပြုစုတဲ့အခါ ထိခိုက်မိမှာစိုးလို့ပါ

ကျွန်မ အလှသိပ်ကြိုက်ပါတယ်
ဒါပေမယ့်
မောင့်ကိုချစ်မိတာ သေချာသွားတဲ့နေ့ကစ
လက်သည်းရှည်တွေ မထားတော့ဘူး

လဝန်းပြာ
14/3/2014






ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်


ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီမှာ } သွားလိုက်ပါ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment