နှစ်ကူးလည်၍
နှစ်ကူးလည်၍၊ မိုဃ်းစည်ပြန့်ဖြူး၊ ဆော်ရိုက်ကြူးကတထူးတလည်၊ တဆန်းမည်သည်၊
တို့ပြည်ပြုဗ္ဗာ၊အရှေ့မှာနှင့်၊ဘာသာမတူ၊ ရခိုင်မူကား၊ လူလည်းတထွေ၊ ရေလည်းတခြား၊
ဖျားလည်းတက်သက်၊ ကြောက်မက်ချင်ဘွယ်၊ပင်လယ်ချောင်းမြောင်း၊ မကြီးတောင်းသည့်၊
ဆောင်းဆောင်းဆိုင်းဆိုင်း၊ ပြိုင်ရရိုင်းတိ၊ မှိုင်းမှိုင်းအုတ်တွေ၊ ဝေေ၀မို့မို့၊ ညို့ရရိုနှင့်
မြသို့ရှိမ်းရှိမ်း၊ ခပ်သိမ်းတောတောင်၊ ကုန်အောင်ပတ်လုံး၊ မြှော်မဆုံးသည်။ ။
နှလုံးများဘွယ်ရှိလှ၏။ ။
ရှစ်ဦးတည်၍၊ ရွှေပြည်ရွှေနန်း၊ ရွှေဘုံကျွန်းဝယ်၊မော်ကွန်းထားလှည့်၊ လုံးစုံပြည့်သား
ဆီးထည့်လက်ျာနေထွက်ရာက၊ ကမ္ဘာစဉ်တိုင်း၊ တုဘက်နှိုင်းသား၊ စစ်ကိုင်းပင်းယ၊ အင်းဝမင်းဝံ
ပုဂံအကြေ၊ သရေခေတ္တရာ၊ ထိုရပ်မှာကား၊ သို့ခါအလို၊ ၀ါဆိုမိုဃ်းလ၊ ရောက်လကလျှင်၊
တုပစီရင်၊ မြတ်ဆံရှင်ဝယ်၊ သဘင်ပွဲကြီး၊ အဖြီးဖြီးတည့်၊ဆီမီးမဆုံး သီတင်းသုံး၍၊ နေ့လုံးမချာ၊
တရားနာမှ၊သဒ္ဒါမြတ်လေး၊ ဆွမ်းလုပ်ကျွေး၍၊ အရေးတခြား၊တပါးသည်မှာ၊ ကြမ္မာလည်းဆော်၊
မပျော်နှလုံး၊ မရွှင်ပြုံးသည်။ပခုံးပါးဝယ် ထိလှ၏။ ။
ရှင်တေဇောသာရ
( ၁၅၁၆-၁၅၃၆)
မြကန်သာ ကဗျာစာအုပ်မှ
ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်
0 comments:
Post a Comment