မောင်ဖေငယ် နဲ့ ဒိုင်းခင်ခင်ဆိုရင်
မျက်ရည်လေးတော့ အနည်းဆုံကျချင် လာ ခဲ့ဖူးမှာပါ။
ဟုတ်တယ် ဟုတ်။
ခု ကျွန်တော်တင်ပေးချင်တာက
မောင်ဖေငယ် ကိုယ်တိုင် စပ်ဆိုခဲတဲ့ တေးထပ်လေးပါ။ မိတ်ဆွေတို့ ခံစားကြည့်ကြပါဦးနော် ၊ မောင်ဖေငယ်ရဲ့ လက်ရာလေး ဘယ်လိုရှိသလဲ ဆိုတာကို။
❃ ❃ ❃ ❃ ❃ ❃
ကလေးလို ဘူတုန်းဟေ့လို့၊ မြူပြုံးနေစဉ်၊ ယူကြုံး၍ ပွေ့ချင်တယ်၊ ငွေ့ရွှေရင်လှုံလို့။ ။ နုပါးတော်မွှေးအဆီကို၊ သွေးနီအောင် နမ်းချင်ငဲ့ကိုယ့်။ ။ ရွှေရင်လွှမ်းပြီ့ တပြီကို တမှီအိုတို့။ သီ့ကရီကိုယ်မရို့ပါနှင့်၊ ညိုတို့တို့မျက်နှာ။ ။ သေတတ်ထာ အိုမဟုတ်ပါဘူး၊ ကိုယ်ဆုတ်ဆုတ် ဘာပြုဆိုရှာ။ ။ လိမ်ကော့လို့ ရွံ့မဲ့ဟာရယ်၊ တွန့်တဲ့ကာတယ်မရုန်းပါနှင့်၊ စမ္ပါယ်ကုံးလှသော်မော်၊ ဘုန်းနှင့်ပျော်ပျော်၊ ယနေ့ဖြင့်အချက်ပေါ်ပြီ၊ မရှက်တော်မူနှင့်ကွဲ့လေး။ ။
မောင်ဖေငယ်
ထိုတေးထပ်ကို စာဆိုတော် မောင်ဖေငယ် (မောင်မောင်) သည် ဒိုင်းခင်ခင်အား ရည်စူး၍ စပ်သည်။
ကျွန်တော့်ဆိုဒ်ထဲကို ခုလိုအလည်ရောက်လာ တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ သူငယ်ချင်း စိမ်းလန်းငြိမ်းချမ်း ပျော်ရွှင်သွားပါစေ နော်။ နောက်ထပ်လည်း အဆင်ပြေကြုံကြိုက်ခဲ့ပါရင် အလည်ထပ်လာခဲ့ပါဦး။ မျှော် နေ မယ် … … …။
0 comments:
Post a Comment