ဟေမာန်နွေလှန်လို့ တုံ့ပြန်တော့၊ ဗွေသဟံ ဝေယန်အုံ့ဆီက၊
လေပြန်လှုံ့ဆော်ခဲ့ပြီ၊ ။ ပင်ပေါ်ထက်၊ ယောရွက်ဝါထိန်ဝေနှင့်
ခါဂိမှေသည်တခေတ်တွင်မှ၊ ညှာလိမ်ကြွေတမည်သစ်မည်ကြောင့်၊
အသစ်တွေ ထွေကာစုပါလို့၊ ပုရစ်ခွေတမာနုမှာကွယ်၊ ကျေးဥစီစီ၊ ။
ခင်တန်းလျှို သပြေပင်က၊ ရွှေသဇင်သုတ် လေနှောပြန်တော့၊
နေ၀င်လျှင် ဘုတ်တွေ ရောပါလို့၊ ဘုတ်ရွှေသြရယ်က တွန်သံချီ၊ ဌာနီနှင့်
ကွာဝေး၊ ။ဖန်ခါခါ၊ လဗ္လရာစည်ဍိဏ္ဍိပေမို့၊ ၀သန်မှာ၊ ဆည်မချိပြီဘူ့၊
ပူမိသည် မှော်ရဂုံက၊ တော်ကဆုန်ညောင်ရေသွန်းချိန်မို့၊
ဖော်မ စုံ အောင်မြေကွန်းဆီသို့၊ လွမ်းလိုက်လှသေး။ ။
စာတော်ဘတ် ဦးကြော့
ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်းတွင်ပြန်လည်ဖော်ပြသည်။
JUNE, 2013
ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်
ကျေးဇူးတင်ပါသည်
ReplyDelete