မြန်မာ



သမိုင်းမှာ သွေးထားတဲ့ ဓါးတွေက
ရင်ဘတ်တလျောက်
စိမ့်ဝင်ဆူပွက်လို့။
သွေးဆာနေတာမဟုတ်ဘူး
သွေးဟာ အမိမြေစိမ်းလန်းရုံသက်သက်
ပက်ဖြန်းပေးတာ။

အနှိမ်ခံ အနိမ့်စံ အပယ်ခံ
ခံနေရတဲ့ ခန္ဓာကိုယ်က လက်တစ်ဆုပ်စာထမင်းကို တစ်ဝက်စီစားလို့ရတယ် ။

တစ်ချောင်းထဲ ဓါးမှာ

သွေးချောင်းတွေ စီးစေခဲ့တာ
ခင်ဗျားလည်းသိ သူတို့လည်းသိ။

သိနေတဲ့ အသိတရားမှာ
မသိတတ်တဲ့ လက်တစ်ဖက်စာလူတွေ
လူတွေ
လူတွေ
လူတွေ

မြမြန်မာ့မြေ
 

မြန်မာ့ရေဟာ မြန်မာတွေအတွက်
ြု-မြန်မာ့ အမွေ မဟုတ်ဘူးလား။

ခက်တယ်
ခက်တယ်
ခက်တယ်
ခက်ခက်ခဲခဲ တိုက်ယူခဲ့တဲ့ ငြိမ်းချမ်းရေးကို ပြန်ခက်အောင်လုပ်နေသလား။

ဧရာဝတီ
ချင်းတွင်း
ကြေးနီတောင်
လက်ပန်တောင်းတောင်
သမိုင်းလှခဲ့သမျှ
ငါတို့ကြမှ ရိုင်းရတော့မယ်။
 


ညီ(ပခုက္ကူ)



ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်


ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီမှာ } သွားလိုက်ပါ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment