အဓိက မှာချင်တာ တွေ့ရာ မစားနဲ့
ယင်နားစာတွေ ပေါတယ် ၀မ်းပျက်လျှောဖြစ်ဖို့ လွယ်တယ်
လမ်းဘေးဆိုင်တွေ ပေါတယ်
ဖိနပ် အဟောင်းတွေ စီးပြီး လမ်းကြီးကြီး လျှောက်သူတွေပေါတယ်
လမ်းတွေပေါသလောက် ချိုင့်တွေလည်းပေါတယ်
ပေါတယ်... ပေါတယ်
လူတွေ ပေါတယ်
လမ်းတွေ ပေါတယ်
ကားတွေ ပေါတယ်
စိတ်ကို သတိဆွဲထား
လမ်းဘေးမှာ ဖိနပ်အဟောင်းတွေ
ရောင်းတယ် နာရီအစုတ်တွေ
ခပ်တည်တည်နဲ့ရောင်းတယ်
မ၀ယ်မိစေနဲ့...
(လုံးဝ မ၀ယ်မိစေနဲ့)
ရေးကြီးသုတ်ပျာ၊
ဒရောသောပါး ရန်ကုန်
ကရောကပါး၊ ကတိုက်ကရိုက် အလောတကြီး ရန်ကုန်
လူတွေက ရန်ကုန်လမ်းတွေပဲ
လမ်းတွေကလည်း
ရန်ကုန်လူတွေပဲ (လွှတ်ရှုပ်)
ကားတွေ ၀ှီးခနဲ၊ ၀ှစ်ခနဲ
သွားမငေးနဲ့ မြန်မြန်လျှောက်
လမ်းလျှောက်တာ အချိုးမပြေရင်ကားသမားတွေ အဆဲခံရတဲ့မြို့
“ကုန်းကျော်တံတားပေါ်ကလျှောက်ပါ။
လူကူးမြင်းကျားက ကူးပါ။
ကွမ်းတံတွေး တွေ့ရာမထွေးရ။
လမ်းဘေး အပေါ့အလေး မသွားရ။
အမှိုက်မပစ်ရ။
ရုံးခန်းအတွင်း ဆေးလိပ်မသောက်ရ။”
သတိပေးတားမြစ်ချက်တွေ များတဲ့မြို့ “သတိ” ကန့်သတ်နယ်မြေ
တာဝန်မှအပ မ၀င်ရ”
ဘတ်စ်ကားစီးရင် အကြွေလေးတွေ ဆောင်ထားကြပါ
အကြွေရှားတဲ့မြို့... ရန်ကုန်
ရေနုတ်မြောင်းတွေကသန့်စင်ပေးဖို့တောင်းဆိုကြ တဲ့မြို့
ဒုက္ခ၀ပ်ကျင်းထဲမှာ
အသက်ရှူသံပြင်းပြင်းနဲ့မြို့
တစ်ယောက်နဲ့တစ်ယောက် သားကောင်ချောင်းတဲ့ မြို့
ဘတ်စ်ကားတွေကျပ်သလိုပ၊
လူတွေလည်း အသက်ရှူကျပ်ကြ
ကောင်မလေးတွေ
ကျပ်ကျပ်ထုတ်ထုပ်နဲ့လှတဲ့မြို့
ဘုရားစောင့်တဲ့ ခြင်္သေ့ကြီးနှစ်ကောင်
စကတ်အတိုလေးတွေကို ငေးတဲ့မြို့
ရန်ကုန်ဆန်တဲ့ ရန်ကုန်မြို့...။
“ရောင်းမလား ၀ယ်မလား... အစ်ကို
လိုအပ်တာရှိရင် ပြောပါ...
ဆိုက်စုံရှိတယ်၊ လိုအပ်တာသုံးစွဲပါ”
အသံမျိုးစုံတဲ့ ရန်ကုန်မြို့
“တွက်ခြေကိုက်လို့ ခပ်မိုက်မိုက်ဈေးရောင်းစားနေတာ
ပညာမတတ်လို့မဟုတ်ဘူးကွ၊
ဘယ်သူမှဂရုမစိုက်ဘူး။
ဘွဲ့ရဈေးသည်ငါကွ”
ဈေးသည်တွေရန်ဖြစ်သံ
သာမန်တို့ရဲ့ ရင်ဖွင့်သံညံညံနဲ့မြို့
ဟိုဘက် တိုးပါ၊ ဒီဘက် တိုးပါ
ဘေးကျပ်နံကျပ် ရန်ကုန်
ဟိုကြည့်ဒီကြည့် ဘယ်ကိုကြည့်ကြည့်
ကြော်ငြာတွေဖုံးထားတဲ့မြို့
“သန့်ရှင်းတယ်၊ သစ်လွင်တယ်
သင့်စိတ်ကြိုက်ဖြစ်စေရမယ်”တဲ့
ကြော်ငြာတွေနဲ့ ဖြားယောင်း(အရမ်းမယုံပါနဲ့)
ခိုတွေတောင် မကျေနပ်ကြောင်းဆန်္ဒပြ
ကြော်ငြာဘုတ်ပေါ် မစင်စွန့်ကြလေရဲ့
ရုပ်ရှင်ရုံမှာ ဟာသကားတွေပြတယ်
ရင်ထဲကမျက်ရည်တွေကို
နှုတ်ခမ်းမှာအပြုံးအဖြစ် ပြောင်းတပ်
ပြုံးရာကနေ ရယ်လိုက်ကြ(တ၀ါးဝါးနဲ့ ရယ်ပွဲကျ)
ပြီးရင်တော့ မောလိုက်ကြဦးစို့တဲ့။
မြန်မြန်သွား၊ မြန်မြန်လျှောက်
ဒါမှ ခရီးရောက်မယ်
အိပ်မက်တူသူချင်း လမ်းမှာတွေ့တယ်
ခေတ်ကို နှလုံးသားထဲထည့်ပြီးကြည့်တော့
ရန်ကုန်ဟာ သိပ်လှသွားပေါ့
တိုက်ဟောင်းတွေဖြိုပြီး
တိုက်အသစ်တွေ ဆောက်နေတဲ့မြို့... ရန်ကုန်။ ။
ယင်နားစာတွေ ပေါတယ် ၀မ်းပျက်လျှောဖြစ်ဖို့ လွယ်တယ်
လမ်းဘေးဆိုင်တွေ ပေါတယ်
ဖိနပ် အဟောင်းတွေ စီးပြီး လမ်းကြီးကြီး လျှောက်သူတွေပေါတယ်
လမ်းတွေပေါသလောက် ချိုင့်တွေလည်းပေါတယ်
ပေါတယ်... ပေါတယ်
လူတွေ ပေါတယ်
လမ်းတွေ ပေါတယ်
ကားတွေ ပေါတယ်
စိတ်ကို သတိဆွဲထား
လမ်းဘေးမှာ ဖိနပ်အဟောင်းတွေ
ရောင်းတယ် နာရီအစုတ်တွေ
ခပ်တည်တည်နဲ့ရောင်းတယ်
မ၀ယ်မိစေနဲ့...
(လုံးဝ မ၀ယ်မိစေနဲ့)
ရေးကြီးသုတ်ပျာ၊
ဒရောသောပါး ရန်ကုန်
ကရောကပါး၊ ကတိုက်ကရိုက် အလောတကြီး ရန်ကုန်
လူတွေက ရန်ကုန်လမ်းတွေပဲ
လမ်းတွေကလည်း
ရန်ကုန်လူတွေပဲ (လွှတ်ရှုပ်)
ကားတွေ ၀ှီးခနဲ၊ ၀ှစ်ခနဲ
သွားမငေးနဲ့ မြန်မြန်လျှောက်
လမ်းလျှောက်တာ အချိုးမပြေရင်ကားသမားတွေ အဆဲခံရတဲ့မြို့
“ကုန်းကျော်တံတားပေါ်ကလျှောက်ပါ။
လူကူးမြင်းကျားက ကူးပါ။
ကွမ်းတံတွေး တွေ့ရာမထွေးရ။
လမ်းဘေး အပေါ့အလေး မသွားရ။
အမှိုက်မပစ်ရ။
ရုံးခန်းအတွင်း ဆေးလိပ်မသောက်ရ။”
သတိပေးတားမြစ်ချက်တွေ များတဲ့မြို့ “သတိ” ကန့်သတ်နယ်မြေ
တာဝန်မှအပ မ၀င်ရ”
ဘတ်စ်ကားစီးရင် အကြွေလေးတွေ ဆောင်ထားကြပါ
အကြွေရှားတဲ့မြို့... ရန်ကုန်
ရေနုတ်မြောင်းတွေကသန့်စင်ပေးဖို့တောင်းဆိုကြ တဲ့မြို့
ဒုက္ခ၀ပ်ကျင်းထဲမှာ
အသက်ရှူသံပြင်းပြင်းနဲ့မြို့
တစ်ယောက်နဲ့တစ်ယောက် သားကောင်ချောင်းတဲ့ မြို့
ဘတ်စ်ကားတွေကျပ်သလိုပ၊
လူတွေလည်း အသက်ရှူကျပ်ကြ
ကောင်မလေးတွေ
ကျပ်ကျပ်ထုတ်ထုပ်နဲ့လှတဲ့မြို့
ဘုရားစောင့်တဲ့ ခြင်္သေ့ကြီးနှစ်ကောင်
စကတ်အတိုလေးတွေကို ငေးတဲ့မြို့
ရန်ကုန်ဆန်တဲ့ ရန်ကုန်မြို့...။
“ရောင်းမလား ၀ယ်မလား... အစ်ကို
လိုအပ်တာရှိရင် ပြောပါ...
ဆိုက်စုံရှိတယ်၊ လိုအပ်တာသုံးစွဲပါ”
အသံမျိုးစုံတဲ့ ရန်ကုန်မြို့
“တွက်ခြေကိုက်လို့ ခပ်မိုက်မိုက်ဈေးရောင်းစားနေတာ
ပညာမတတ်လို့မဟုတ်ဘူးကွ၊
ဘယ်သူမှဂရုမစိုက်ဘူး။
ဘွဲ့ရဈေးသည်ငါကွ”
ဈေးသည်တွေရန်ဖြစ်သံ
သာမန်တို့ရဲ့ ရင်ဖွင့်သံညံညံနဲ့မြို့
ဟိုဘက် တိုးပါ၊ ဒီဘက် တိုးပါ
ဘေးကျပ်နံကျပ် ရန်ကုန်
ဟိုကြည့်ဒီကြည့် ဘယ်ကိုကြည့်ကြည့်
ကြော်ငြာတွေဖုံးထားတဲ့မြို့
“သန့်ရှင်းတယ်၊ သစ်လွင်တယ်
သင့်စိတ်ကြိုက်ဖြစ်စေရမယ်”တဲ့
ကြော်ငြာတွေနဲ့ ဖြားယောင်း(အရမ်းမယုံပါနဲ့)
ခိုတွေတောင် မကျေနပ်ကြောင်းဆန်္ဒပြ
ကြော်ငြာဘုတ်ပေါ် မစင်စွန့်ကြလေရဲ့
ရုပ်ရှင်ရုံမှာ ဟာသကားတွေပြတယ်
ရင်ထဲကမျက်ရည်တွေကို
နှုတ်ခမ်းမှာအပြုံးအဖြစ် ပြောင်းတပ်
ပြုံးရာကနေ ရယ်လိုက်ကြ(တ၀ါးဝါးနဲ့ ရယ်ပွဲကျ)
ပြီးရင်တော့ မောလိုက်ကြဦးစို့တဲ့။
မြန်မြန်သွား၊ မြန်မြန်လျှောက်
ဒါမှ ခရီးရောက်မယ်
အိပ်မက်တူသူချင်း လမ်းမှာတွေ့တယ်
ခေတ်ကို နှလုံးသားထဲထည့်ပြီးကြည့်တော့
ရန်ကုန်ဟာ သိပ်လှသွားပေါ့
တိုက်ဟောင်းတွေဖြိုပြီး
တိုက်အသစ်တွေ ဆောက်နေတဲ့မြို့... ရန်ကုန်။ ။
မောင်ရေချမ်း
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)
ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်
0 comments:
Post a Comment