ရေလယ်မီးပြ



အမှောင်ကြားမှာ
စမ်းတ၀ါးဝါး
သွားနေရရင်
ဘယ်ခရီးတွင်ပါ့မလဲ။
ပင်လယ်ပြင်ဟာ
အရွယ်ဝင်စ
အပျိုမရဲ့
နားလည်ရခက်တဲ့ မျက်နှာလို
ခု ငိုမယ်၊ ခု ရယ်မယ်
မှန်းဆဖို့  မလွယ်ပါဘူး။
ညဆိုတာက
မှောင်ကြီးကျပလားဆို
ဘာဆို ဘာမှ
မမြင်ရတာ
ဘယ်ဟာ ကမ်းပါး
ဘယ်နား  ကျောက်ဆောင်
သောင်က ဟိုရှေ့
အကွေ့  ဒီမှာ
ရှာမရနိုင်။
ဟို…အဝေးဆီက
မီးနီရွှန်းပြက်
တလက်လက်နဲ့
လက်ညှိုးညွှန်တယ်
ရေလယ်“မီးပြ”
ကျေးဇူးတင်စရာ။
မီးပြကိုကြည့်ပြီး
ခရီးထွက်ခွာ
ဘယ်နေရာဆို
ဘယ်လိုအန္တရာယ်
ဘယ်အဆွယ် ဘယ်အကွေ့ 
ဘယ်ရွေ့ ဘယ်မျှ
မှန်းဆလို့ ရပါပြီ။
ဒါပေမယ့်
အနီရောင် တလက်လက်နဲ့
မီးပြများ…ပျက်တဲ့အခါ
အန္တရာယ်ဟာ
မငယ်တော့ပေဘူး။
သဲသောင်ပေါ်မဆိုက်
ကျောက်ဆောင်နဲ့ မတိုက်
အမှောင်ထဲက
မီးပြနဲ့ တိုက်တာကြောင့်
သင်္ဘောမှောက်ခဲ့ရတာမျိုးတွေ။  ။


ဖော်ဝေး
မိုးဝေ၊ ၁၉၇၂၊ မေလ




အကွေ့အကောက်တွေ များပြားလွန်းလှတဲ့ သံသရာရှည်ကြီးမှာ
ဆာလောင်မှုမပါတဲ့ ချစ်ခြင်းမေတ္တာတရားတို့ စွတ်စိုသော
ရပ်ဝန်းငယ်လေးဆီ ခေါ်ဆောင်သွားချင်လို့ ကျွန်တော့် လက်တွေကို ဆုပ် ကိုင် ထား ပါ


ဖေ့ဘုတ်ကနေ ကဗျာတွေ ဖတ်ချင်တယ်ဆိုရင်တော့{ ဒီနေရာလေးကို ကလစ်ပြီး } သွားလို့ရပါတယ်
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment