တစ်ဝက်

 
နေရာတစ်ဝက်ကို
ဖယ်ပေးလိုက်ပါတယ်
ပေါင်မုန့်တစ်ဖဲ့လည်း
ထားခဲ့ပါတယ်

မင်ရဲ့ရည်းစားဦးလိုတော့
ဂစ်တာတီးပြီး သီချင်းမဆိုတတ်ဘူးလေ
မင်းပျော်မယ်ဆို
ကိုယ်နာမည် ကို
အကြိမ်ကြိမ် ဆဲ ရေး ဆိုပြပါ့မယ်

ကိုယ်က
မီးစိုက်ဖို့အတွက်
မင်းခေါင်းပေါ်မှာ ရွက်ထားတဲ့
ထင်း စည်း လေး ပါ
တစ်နေ့ထက် တစ်နေ့
ခြောက်သွေ့ဖို့ပဲ ကိုယ်တွေးတယ်

ကိုယ့်အခန်းထဲက နေ
အဲဒီလမ်းကို ငေး ပြီး
လေ မပါတဲ့ယပ်ကို
တဖျတ်ဖျတ်နဲ့
မင်းခတ်နေတာ မြင် ရ ရင်
နောက်ထပ်
ဂစ်တာအသစ်တက်လက်
ကိုယ် ပြေးဝယ်ပေးချင်ရဲ့

အသက် ခပ် ယဲ့ယဲ့ ရှိသေးတယ်
ဆိုပေမယ့်
အိုး ကို ခွဲ ပစ်လိုက်ပါတော့
တစ်ရွာသူရယ်
မင်းခေါင်းအုံးအောက်က
အဆိပ်ပင်ဟာ
အဆိပ်သီးနှစ်လုံးထက် ပို မသီးနိုင် တော့ ဘူး
ဒါကို
သစ်ရွက်ကြွေတွေက
တစ်နေ့ မင်းကို ပြောပြပါလိမ့်မယ်

လရောင်တစ်ခြမ်းလည်း
ကိုယ်
ထားခဲ့ပါတယ်။

နေ အ ဝေး
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment