စစ်သားမိန်းမ ဘာတွေရလဲ





ပရိတ်မြို့တော်ကြီးကို
(ဟစ်တလာရဲ့ နာဇီတပ်မတော်ကြီး) သိမ်းစဉ်က
စစ်သားမိန်းမ ဘာတွေရလဲ။
ပရိတ်မြို့တော်က ဒေါက်မြင့်ဖိနပ်ကြီးတွေ ရတယ်လေ
အောင်သတင်းနဲ့ အောင်ဆုမွန်တွေတောင်းတဲ့
စာတွေရယ် လက်ဆောင်ရယ်
စစ်သားမိန်းမ ဒေါက်မြင့်ဖိနပ်ကြီးတွေ ရခဲ့တယ်။

(သြစထရီးယား နိုင်ငံ) အော့စလိုမြို့ကို
ကျူးကျော်စဉ်က
အော့စလိုမြို့တော်က သားမွေးအထည်စလေးတစ်ခု
ရတယ်
ဥဘောကျမယ်လို့တော့ထင်တာဘဲဆိုတဲ့ စာနဲ့အတူ
စစ်သားမိန်းမ သားမွေးအထည်စတစ်စ ရခဲ့တယ်။

အမ်စတာဒမ်သူဌေးမြို့တော်က
စစ်သားမိန်းမ ဘာတွေရသလဲ။
အမ်စတာာဒမ်မြို့တော်ကတော့ ဦးထုပ်လေးတစ်လုံး
ရတယ်လေ။
ချက်ပြည်ဖြစ် ဦးထုပ်က လေး လှုသမို့
လိုက်ဖက်လှပမှာဘဲတဲ့
စစ်သားမိန်းမ ဦးထုပ်တစ်လုံးရလိုက်ပါတယ်။

ဗယ်ဂျီယံမြို့တော် ဘရပ်ဆဲကို နာဇီတွေ
ကျူးကျော်တော့
စစ်သားမိန်းမ ဘာတွေရသလဲ။
ဘရပ်ဆဲ နိုင်ငံကရှားပါးလှတဲ့ လည်ဆွဲတစ်ခုရတယ်။
ပျော်စရာပါပဲ ၀မ်းသာစရာပါပဲ
စစ်သားမိန်းမ ဘရပ်ဆဲနိုင်ငံက လည်ဆွဲတစ်ခုရတယ်။

အလင်းရောင်တွေ ဝေေ၀ရွှန်းပနေတဲ့ ပါရီမြို့တော်က
စစ်သားမိန်းမ ဘာတွေရသလဲ၊
ပါရီမြို့တော်က ပိုးဂါဝန်ပုံကျကျ တစ်ထည်ရတယ်
တစ်နယ်လုံးသိတယ် တစ်မြို့လုံးသိတယ်
စစ်သားမိန်းမ ပိုးဂါဝန်တစ်ထည်ရတယ်။

ရူးမေးနီးယားနိုင်ငံ ဘူခါရက်ကို
ဟစ်တလာစစ်တပ်တွေ ရောက်လာတော့
ဘူခါရက်မြို့တော်က ဂါဝန်ကားကား ဖါးဖါး ပွပွကြီး
ရတယ်။
ကြည့်ရဆန်းပြီး ၀တ်ရတာရီစရာသိပ်ကောင်းတယ်
စစ်သားမိန်းမ ဂါဝန်ကားကားကြီးတစ်ထည်ရတယ်။

နှင်းနိုင်ငံ ရုရုားပြည်က
စစ်သားမိန်းမ ဘာတွေရသလဲ။
မုဆိုးမ အထိမ်းအမှတ် ၀တ်စုံနတ်ပဲ လက်ခံရတယ်။
ဝမ်းနည်းကြေကွဲတာမို့ လင်သည်ရဲ့သေဆုံမှု
အထိမ်းအမှတ်ပေါ့
စစ်သားမိန်းမ ၀တ်စုံနတ်တစ်စုံရပါတယ်။

ဗားတော့ဗရက်

ဆရာတင်မောင်အေး ဘာသာပြန်ထားတဲ့
ဗားတော့ဗရက် ရဲ့
အနာဂတ်အတွက်ကဗျာ ဆိုတဲ့ pdf စာအုပ်လေးထဲကနေ ကျွန်တော်ပြန်လည် ကူးယူပြီး
ရိုက်နှိပ်ဖော်ပြပေးလိုက်တာပါ။ မူရင်းသတ်ပုံအတိုင်းပဲ ရိုက်တင်လိုက်တာပါ။
ဗားတော့ဗရက် ကဗျာတွေဟာ သူတို့ခေတ် စနစ်ဆိုး ဖြတ်သန်းမှုတွေအတွက်
ကြေးမုံတစ်ချပ်လို ဒီဘက်ခေတ်ထိ လာရောက် ထင်ဟပ်နေတဲ့ လက် ရာ ကောင်း ကဗျာတွေ
ဖြစ်ပါကြောင်း သူ့ကဗျာတွေကို ဖတ်ကြည့်ရင် သိနိုင်ကြမှာပါ။














 
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment