မင်းနာမည်ကိုကောင်းကောင်းမဖတ်တတ်တာကလွဲရင် ငါ့အာရုံကြောတွေ
လူလားမြောက်ခဲ့ရတယ်။
အချစ်ကို ယုံကြည်သလို မယုံကြည်ဘူး ငါမှာ ငါ့အီဂိုနဲ့ ငါ့စစ်မြေပြင်နဲ့ မင်းဖွဲ့ထားတဲ့ စာသားတစ်ချို့နဲ့။
မရေမရာ မင်းမျက်ရည် တစ်စဟာ ငါ့အတွက်မီးတစ်စပဲ ပင်ကီ
ငါခေါ်ခေါ်နေတဲ့ နာမည်အတုမှာမင်း ပျော်ဝင်နေမလား/ အသည်းမကွဲပါနဲ့
ဘုရားသခင်ဆီမှာဆုတောင်းပါ အင်္ဂလိပ်သီချင်းကောင်းတွေနားထောင်ပါ
ဘုရားကျောင်းမှန်မှန်တက်ပါ မင်းရဲ့တနင်္ဂနွေတွေဟာ မျက်လှည့်မဆန်တဲ့ပြကွက်တွေ
သမားရိုးကျ အော်ဂင်သံတွေ။
အိမ်ပြန်ချိန်တွေ ကို မုန်းတီးစိတ်နဲ့ မင်းဂစ်တာကိုရိုက်ခွဲတဲ့အကြောင်း ငါမကြားပါရစေနဲ့
တစ်ခါသုံးဆေးထိုးအပ်ဆိုတာ ထိုင်ထိုးနေရမယ့် လက်ညှိုးမှမဟုတ်တာ ။
ပင်ကီ
နားကပ်တစ်ဖက်ကျပျောက်တယ်ဆိုတိုင်း ငိုနေစရာလား
မင်းအသက်၃၁မှာ နောက်ဆုံးပေါ် ရက်ပ်သီချင်း
ဆိုခွင့်ရှိနေသေးတယ်။
Underground သီချင်းတွေအကြောင်း ၊
ွမအောင်မြင်တဲ့ Graffiti တွေအကြောင်း၊တစ်ချိန်က ပြာနှမ်းခြင်းတွေအကြောင်း
လမ်းလျှောက်တိုင်းခြေထောက်နဲ့မြေကြီးနှစ်လက်မလောကိ
လွတ်နေကြောင်း။ဆယ်လစ်ဘရတီတွေအကြောင်း။ချစ်ခြင်းတရားအကြောင်း။
ပင်ကီ မင်းသိပ်လှတယ် ပြောပြောသွားတဲ့ တက်တူးကောင်တွေအကြောင်း
မောတယ်။
ညနေတွေကို အိပ်ထဲထည့်သိမ်းထားလိုက်တော့
ကော်ဖီတစ်ခွက်နဲ့ စီးကရက်အငွေ့တွေကို မှုတ်ထုတ်ပစ်လိုက်တော့
ရန်ကုန်ရောက် အနာတရတွေကို ငြင်းပစ်လိုက်တော့
ကြော်ငြာတွေ စမာကလာတွေကို ဖောက်ထုတ်ပစ်လိုက်တော့
ဘလာ ဘလာ ဘလာ
အတုတွေ။
ပင်ကီ
မင်းက ငါ ကွဲကျချင်နေတဲ့ ကြမ်းပြင်ဆိုလည်း ဟုတ်တယ်
ငါက မင်းကျည်ဆန်ဦးတည်ရာ ပစ်မှတ်ဆိုလည်းဟုတ်တယ်
မင်းက သာ ပစ်ချလိုက် ကွဲကျချင်နေတဲ့ အပိုင်းအစအဖြစ်။
ငါ၊
ပင်ကီ။
မင်းနာမည်ကို မှန်မှန်ဖတ်နိုင်အောင်ကြိုးစားရဦးမယ်..............
မင်းဘုန်းနိုင်
မင်းနာမည်ကိုကောင်းကောင်းမဖတ်တတ
လူလားမြောက်ခဲ့ရတယ်။
အချစ်ကို ယုံကြည်သလို မယုံကြည်ဘူး ငါမှာ ငါ့အီဂိုနဲ့ ငါ့စစ်မြေပြင်နဲ့ မင်းဖွဲ့ထားတဲ့ စာသားတစ်ချို့နဲ့။
မရေမရာ မင်းမျက်ရည် တစ်စဟာ ငါ့အတွက်မီးတစ်စပဲ ပင်ကီ
ငါခေါ်ခေါ်နေတဲ့ နာမည်အတုမှာမင်း ပျော်ဝင်နေမလား/ အသည်းမကွဲပါနဲ့
ဘုရားသခင်ဆီမှာဆုတောင်းပါ အင်္ဂလိပ်သီချင်းကောင်းတွေနားထောင
ဘုရားကျောင်းမှန်မှန်တက်ပါ မင်းရဲ့တနင်္ဂနွေတွေဟာ မျက်လှည့်မဆန်တဲ့ပြကွက်တွေ
သမားရိုးကျ အော်ဂင်သံတွေ။
အိမ်ပြန်ချိန်တွေ ကို မုန်းတီးစိတ်နဲ့ မင်းဂစ်တာကိုရိုက်ခွဲတဲ့အကြောင်
တစ်ခါသုံးဆေးထိုးအပ်ဆိုတာ ထိုင်ထိုးနေရမယ့် လက်ညှိုးမှမဟုတ်တာ ။
ပင်ကီ
နားကပ်တစ်ဖက်ကျပျောက်တယ်ဆိုတိုင
မင်းအသက်၃၁မှာ နောက်ဆုံးပေါ် ရက်ပ်သီချင်း
ဆိုခွင့်ရှိနေသေးတယ်။
Underground သီချင်းတွေအကြောင်း ၊
ွမအောင်မြင်တဲ့ Graffiti တွေအကြောင်း၊တစ်ချိန်က ပြာနှမ်းခြင်းတွေအကြောင်း
လမ်းလျှောက်တိုင်းခြေထောက်နဲ့ြေ
လွတ်နေကြောင်း။ဆယ်လစ်ဘရတီတွေအြေ
ပင်ကီ မင်းသိပ်လှတယ် ပြောပြောသွားတဲ့ တက်တူးကောင်တွေအကြောင်း
မောတယ်။
ညနေတွေကို အိပ်ထဲထည့်သိမ်းထားလိုက်တော့
ကော်ဖီတစ်ခွက်နဲ့ စီးကရက်အငွေ့တွေကို မှုတ်ထုတ်ပစ်လိုက်တော့
ရန်ကုန်ရောက် အနာတရတွေကို ငြင်းပစ်လိုက်တော့
ကြော်ငြာတွေ စမာကလာတွေကို ဖောက်ထုတ်ပစ်လိုက်တော့
ဘလာ ဘလာ ဘလာ
အတုတွေ။
ပင်ကီ
မင်းက ငါ ကွဲကျချင်နေတဲ့ ကြမ်းပြင်ဆိုလည်း ဟုတ်တယ်
ငါက မင်းကျည်ဆန်ဦးတည်ရာ ပစ်မှတ်ဆိုလည်းဟုတ်တယ်
မင်းက သာ ပစ်ချလိုက် ကွဲကျချင်နေတဲ့ အပိုင်းအစအဖြစ်။
ငါ၊
ပင်ကီ။
မင်းနာမည်ကို မှန်မှန်ဖတ်နိုင်အောင်ကြိုးစားရ
About နေ အ ဝေး

0 comments:
Post a Comment