န င် ကေ ပြာ တ ယ်



ရှင် က ကျမဆို အမြဲ အနိုင်ယူတာ
အပြင် ထွက်လည်း ထွက်လို့
ကျမ မအားလို့ ရှင် ကို လာမ တွေ့လည်း မ တွေ့လို့
ကျမမှာ အ သေးအဖွဲ့လေးတွေကအစ သတိထားနေရတယ်
ရှင် ပြောနေကျ စကားတစ်ခွန်း
အချစ်မှာ နားလည်မူက အ ရေးအကြီးဆုံးဆိုလား
အဲသလို ပြောရင် ကျမ သိပ် ရယ်ချင် တာပဲ
ရှင် က ကဗျာဆရာ
ပွင့်ပွင့်လင်းလင်း ပြောရရင်
ကျမက ကဗျာဆရာဆိုတာ ဘာမှန်း မသိဘူး
ရှင့်ကို မေးလည်း ရှင့်အ ဖြေက ခေါင်းတွေချာချာလည်
တစ်နေ့တော့ ပျင်းပျင်းရှိတာနဲ့ အဘိဓာန်ထဲ ရှာတယ်
မ တွေ့ဘူး ရှင် ဘယ်သွားနေသလဲ
ကဗျာဆရာကြီး ဘာလုပ်နေသလဲ
ရှင့် မျက်နှာမှာလည်း ရှာမ တွေ့ဘူး
ကျမ မှာတော့
ရှင့်အ ကြောင်းတွေးလို့ ထမင်းရည်ပူလောင် ခဲ့ပြီးပြီ
အစ်ကိုတွေရဲ့သတိပေးစကားလည်း ကြားခဲ့ဖူးပြီ
ရှင် က တော့ မထုံတတ်တေး
ရှင် နဲ့မဆိုင် သလို ငူငူကြီး
ပြောလို့ပြောတာမဟုတ်ဘူး ကျမက အဲဒါလေးကိုပဲ ချစ်တာ
ရှင် မူးလာရင် ပြောနေကျ စကားတစ်ခွန်းရှိတယ်
ကဗျာဆရာဆိုတာ
ကမ္ဘာပေါ်မှာ ခေါင်းအမာဆုံး ပုဂ္ဂိုလ်တွေတဲ့
ဟုတ်မှာ ရှင် က ရှင်နေတဲ့တစ်လမ်းလုံးက လူတွေနဲ့
တစ်ခါ တစ်ခါ ကျမ ကိုတောင်
ရှိတယ် ထင် တာ မဟုတ်ဘူး
တစ်လောကလုံး သူ့လုပ်စာ ထိုင် စားနေတဲ့အတိုင်း
ကျမသူငယ်ချင်းတွေ ပြောသလို
ရှင့်ကို ကျမ ဘာ ကြောင့် ချစ်ခဲ့တာလဲ
ခေါင်းထဲမှာလည်း ဖန်ချောင်းတွေနဲ့
အင်္ကျီဆိုလည်း အတည့်တစ် ရက်ပြောင်းပြန်တစ် ရက်
ပြောလိုက်တဲ့စကားတွေကလည်း
တော်တော်များများ လူတွေတောင် နားမလည်ဘူး
ကမ္ဘာအ ကြောင်းပါတယ် သစ်ပင်တွေကိစ္စပါတယ်
ရေကြီးမူလေထန်မူကအစ သူတောင်းစားပြဿနာအဆုံး
ကျမ လိုက်မမီဘူး ရှင် က သိပ်အမြန်လျှောက်တာ
ဒါပေမယ့် ကျမက ချစ် ရသူလေ
ရှင် ဘာသာ ကဗျာဆရာ ဖြစ်ဖြစ်
လူ နားမလည်တဲ့ စကား ပြောနေ နေ
ကျမက တော့ ရှင် မျက်နှာ မြင် တဲ့နေ့ဆို
ချိန်းဆိုဖို့ပဲ တာစူနေ တော့တာ
ရှင် က ကျမအတွက်တော့ ကဗျာပါ
ကျမက ကဗျာဆရာတော့ မဟုတ်ဘူး

ေ က မျိုး ငြိ မ်း
၂၈ ဇွန် ၂၀၀၇
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment