ကိုယ့်အသက်ရှင်နေထိုင်မှုတစ်ဝက်ဟာ
မင်းစိတ်နဲ့ဆိုတာသိခဲ့ရတဲ့နောက်
ကိုယ့် ph call ထဲမှာမင်းနာမည်
ကိုယ့်ဖုန်းမတ်ဆေ့ထဲမှာမင်းနာမည်
အဲဒီနာမည်ပဲ
နှလုံးသားနံရံမှာလျောက်သွားနေတာ။
တိမ်တစ်အုပ်ကို မင်းဆီလွှတ်မယ်
မင်း ရွာစေချင်ရင် ရွာခိုင်းလို့ရအောင်
မင်းအေးစေချင်ရင် ဖယ်ခိုင်းလို့ရအောင်
မင်းငိုရင်တောင် လူမသိအောင်
ပြောသာပြောရတာ
မင်းအနားက ချောက်ကမ်းပါးကြီးက
ငါ့အတွက်မဟုတ်လောက်ပါဘူး။
ညကျ
မင်းဆက်ဆက်စောင့်နေ
ကိုယ့်အိမ်ခေါင်မိုးနဲ့နီးတဲ့
ကြယ်တစ်ခုကိုဖမ်းယူပြီး
ကဗျာနဲ့ပြလို့မရ
ဖုန်းနဲ့ပြောလို့မရ
မတ်ဆေ့နဲ့ပို့လို့မရ
ဘယ်လောက်ချစ်နေကြောင်း
ဘယ်လောက်လွမ်းနေကြောင်း
က ကြီးကနေ အ ထိ ရေးထားတဲ့စာ
ကြယ်လေးကျောကုန်းပေါ်
ကြိုးနဲ့တွဲချည်လို့
ည (၁၂) ကျော်လောက်ကျ
မင်းအနီးအနားက
ဝါးလုံးလေးနဲ့ဆွဲယူလိုက်ပါ။
ကိုယ်ထင်ပါတယ်
နောက်ဆို
ကိုယ်နဲ့မင်း စိတ်ချင်းဆက်သွယ်သွားရင်
ဖုန်းခမကုန်တော့ဘူး
ပြောချင်တာလေးတွေ
တိုးတိုးလေးသာရွေရွတ်လိုက်
လေညှင်း
ဒါမှမဟုတ်
မိုးတိမ်
ပင်လယ်
ဒါမှမဟုတ်
တစ်ခုခုက ကိုယ့်ဆီသယ်လာပေးလိမ့်မယ်။
ရောက်တဲ့နေရာ
ရောက်တဲ့အရပ်ကနေ
ဆက်သွယ်မှုဧရိယာပြင်ပမဖြစ်အောင်
ဝေးလို့မရတော့ဘူး
ကွဲလို့မရတော့ဘူး
ငယ်ငယ်က
သစ်ရွက်ကြွေလေးတွေလိုက်ဖမ်းပြီး
ဘာဆုမှမတောင်းခဲ့တာ
အခု
အတိုးချလို့
နီးပါရစေဘုရား
အဆင်ပြေပါရစေဘုရား
ခေါင်းလောင်းကိုဖိထိုးလိုက်တယ်
အသံလေးကြားပါစေတော့စိတ်နဲ့
အနံတစ်ခုအနေနဲ့ဆို
ကိုယ်တိုတောင်းသွားမှာမလို့
အလျားတစ်ခုအနေနဲ့
မောချင်မောပါစေတော့
အရှည်ကြီးလိုက်ချစ်ပါရစေ
ကမ္ဘာလေးတစ်ခုရယ် ......... ။. ။
ထွဏ်းသွေးအိမ်
ကိုယ့်အသက်ရှင်နေထိုင်မှုတစ်ဝက်ဟ
မင်းစိတ်နဲ့ဆိုတာသိခဲ့ရတဲ့နောက်
ကိုယ့် ph call ထဲမှာမင်းနာမည်
ကိုယ့်ဖုန်းမတ်ဆေ့ထဲမှာမင်းနာမည
အဲဒီနာမည်ပဲ
နှလုံးသားနံရံမှာလျောက်သွားနေတာ
တိမ်တစ်အုပ်ကို မင်းဆီလွှတ်မယ်
မင်း ရွာစေချင်ရင် ရွာခိုင်းလို့ရအောင်
မင်းအေးစေချင်ရင် ဖယ်ခိုင်းလို့ရအောင်
မင်းငိုရင်တောင် လူမသိအောင်
ပြောသာပြောရတာ
မင်းအနားက ချောက်ကမ်းပါးကြီးက
ငါ့အတွက်မဟုတ်လောက်ပါဘူး။
ညကျ
မင်းဆက်ဆက်စောင့်နေ
ကိုယ့်အိမ်ခေါင်မိုးနဲ့နီးတဲ့
ကြယ်တစ်ခုကိုဖမ်းယူပြီး
ကဗျာနဲ့ပြလို့မရ
ဖုန်းနဲ့ပြောလို့မရ
မတ်ဆေ့နဲ့ပို့လို့မရ
ဘယ်လောက်ချစ်နေကြောင်း
ဘယ်လောက်လွမ်းနေကြောင်း
က ကြီးကနေ အ ထိ ရေးထားတဲ့စာ
ကြယ်လေးကျောကုန်းပေါ်
ကြိုးနဲ့တွဲချည်လို့
ည (၁၂) ကျော်လောက်ကျ
မင်းအနီးအနားက
ဝါးလုံးလေးနဲ့ဆွဲယူလိုက်ပါ။
ကိုယ်ထင်ပါတယ်
နောက်ဆို
ကိုယ်နဲ့မင်း စိတ်ချင်းဆက်သွယ်သွားရင်
ဖုန်းခမကုန်တော့ဘူး
ပြောချင်တာလေးတွေ
တိုးတိုးလေးသာရွေရွတ်လိုက်
လေညှင်း
ဒါမှမဟုတ်
မိုးတိမ်
ပင်လယ်
ဒါမှမဟုတ်
တစ်ခုခုက ကိုယ့်ဆီသယ်လာပေးလိမ့်မယ်။
ရောက်တဲ့နေရာ
ရောက်တဲ့အရပ်ကနေ
ဆက်သွယ်မှုဧရိယာပြင်ပမဖြစ်အောင်
ဝေးလို့မရတော့ဘူး
ကွဲလို့မရတော့ဘူး
ငယ်ငယ်က
သစ်ရွက်ကြွေလေးတွေလိုက်ဖမ်းပြီး
ဘာဆုမှမတောင်းခဲ့တာ
အခု
အတိုးချလို့
နီးပါရစေဘုရား
အဆင်ပြေပါရစေဘုရား
ခေါင်းလောင်းကိုဖိထိုးလိုက်တယ်
အသံလေးကြားပါစေတော့စိတ်နဲ့
အနံတစ်ခုအနေနဲ့ဆို
ကိုယ်တိုတောင်းသွားမှာမလို့
အလျားတစ်ခုအနေနဲ့
မောချင်မောပါစေတော့
အရှည်ကြီးလိုက်ချစ်ပါရစေ
ကမ္ဘာလေးတစ်ခုရယ် ......... ။. ။
ထွဏ်းသွေးအိမ်
About နေ အ ဝေး

0 comments:
Post a Comment