ကျွန်တော် ဆိုဒ် လေးနဲ့ ပက်သက်ပြီး လာရောက်လည်ပတ်သူ
မိတ်ဆွေတို့ရဲ့ အကြံဥာဏ်များ လိုအပ်နေပါတယ်။
တကယ်တော့ ဆိုဒ် တစ်ခုကို တစ်ယောက်တည်း မောင်းတင်ပြီး
ထူထောင်ရတာဟာ တကယ်မလွယ်ဘူးဆိုတာကို ကိုယ်တိုင်လုပ်ကြည့်မှပဲ
ကျွန်တော် သိလာရပါတယ်။
ကဗျာကို ၀ါသနာပါသူမိတ်ဆွေတွေအတွက် ကျွန်တော် အကောင်းဆုံးဖြစ်အောင် တော့
တတ်နိုင်သလောက် ကြိုးစားထားပါတယ်။ ရေခြား မြေခြား ရောက်နေတဲ့ မိတ်ဆွေတွေ
အတွက် မြန်မာကဗျာလေးတွေနဲ့ အဆက်အသွယ် မပြတ်စေချင်တဲ့ စေတနာလည်း
ကျွန်တော့်မှာ ရှိပါတယ်။
ဒါ့ကြောင့် အချိန်များစွာယူပြီး ထူထောင်နေခဲ့တာ ကျွန်တော့် ဆိုဒ်လေးက ခုထိ ပြီးဆုံးခြင်း
အဆင့်ကို မရောက်သေးဘဲ မဖွင့်လှစ်နိုင်သေးပါဘူး။ ကျွန်တော် အားလည်း သိပ်မရပါဘူး။
ဘာတွေလိုအပ်နေတယ်၊ ဘယ်လိုတွေဖြည့်စွက်ရမယ်၊ ဘာတွေပြုပြင်ဖို့လိုတယ်ဆိုတာကို
ကျွန်တော့် ဘလော့လေးဆီ မိတ်ဆွေတို့ အလည်လာရင်း ဝေဖန်ပေးခဲ့ကြဖို့ရာ
အနူးအညွတ် တောင်းပန် တောင်းခံ အပ် ပါတယ်။ ကျွန်တော် လက်စသတ်ပြီး ဒီဆိုဒ်လေးကို
ဖွင့်ချင်နေပါပြီ။
မိတ်ဆွေတို့ အကူအညီလိုအပ်နေပါတယ်။ တကယ်တော့ ကျွန်တော် နာမည်ကြီးချင်လို့
ဒီဆိုဒ်လေးကို ထောင်ထားတာမဟုတ်တာကို ဘုရားရှင်သာ အသိဆုံးပါ။ အချိန်၊ ငွေ၊ လူ၊
အားလုံးရင်းနှီးမြုပ်နှံပြီး ကဗျာဝါသနာပါသူ အားလုံးအတွက် ပေးဆပ်ထားခဲ့တာပါ။ တစ်စုံတစ်ခု
ပြန်ရဖို့ လုံးဝ မျှော်လင့်မထားရိုးအမှန်ပါ။
ကိုယ်လုပ်နိုင်သလောက် ကို ၀ါသနာ တူသူအားလုံးအတွက် လုပ်ပေးထားတဲ့ သဘောပါ။
မိတ်ဆွေတို့ နားလည်ပေးနိုင်ကြပါစေ။
နေ အ ဝေး
0 comments:
Post a Comment