လုပ်ကိုင်မကောင်းလို့ဗျာ
ရေကိုတောင်ထောင်းသောက် နေရတယ်တဲ့
မြို့တော်ကိုသွားတုန်းက
ကားဆရာတစ်ယောက်ဆီက ကြားခဲ့
စကားလေးတစ်ခွန်းက
လှလိုက်တာဗျာ။
ရေကိုတောင်ထောင်းသောက်နေရတယ်
ဒီစကားလေးက
အတိဿယ၀ုတ္တိမြောက်ကာ
လှနေတာလား။
ရေသောက်ဗိုက်မှောက်ဆိုတာထက်
လေးနက်တဲ့ အဓိပ္ပါယ်လား။
ရေသောက်ရင်တောင် အစာမကြေနိုင်တဲ့
ဝေးနာတွေရှိနေပြီ
ဒီလိုဆိုလိုချင်တာလား။
ဒါမှမဟုတ်
ဘာမှကို မဆိုလို
ဘ၀ကိုပေါ့ပါးကြဖို့
ဟာသ၀တ္ထုတွေထဲက
ကောက်ရထားတဲ့စကားများလား။
စကားတစ်ခွန်းကစလိုက်တာ
ကျွန်တော့်မှာ
မဆုံးတမ်းသာတွေးနေမိတော့ရဲ့။ ။
မိုးသစ်ဝေ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ်(၅၂)၊ ၂၀၁၃
ရေကိုတောင်ထောင်းသောက် နေရတယ်တဲ့
မြို့တော်ကိုသွားတုန်းက
ကားဆရာတစ်ယောက်ဆီက ကြားခဲ့
စကားလေးတစ်ခွန်းက
လှလိုက်တာဗျာ။
ရေကိုတောင်ထောင်းသောက်နေရတယ်
ဒီစကားလေးက
အတိဿယ၀ုတ္တိမြောက်ကာ
လှနေတာလား။
ရေသောက်ဗိုက်မှောက်ဆိုတာထက်
လေးနက်တဲ့ အဓိပ္ပါယ်လား။
ရေသောက်ရင်တောင် အစာမကြေနိုင်တဲ့
ဝေးနာတွေရှိနေပြီ
ဒီလိုဆိုလိုချင်တာလား။
ဒါမှမဟုတ်
ဘာမှကို မဆိုလို
ဘ၀ကိုပေါ့ပါးကြဖို့
ဟာသ၀တ္ထုတွေထဲက
ကောက်ရထားတဲ့စကားများလား။
စကားတစ်ခွန်းကစလိုက်တာ
ကျွန်တော့်မှာ
မဆုံးတမ်းသာတွေးနေမိတော့ရဲ့။ ။
မိုးသစ်ဝေ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ်(၅၂)၊ ၂၀၁၃
0 comments:
Post a Comment