လိမ်နေတဲ့
အမယ် ဘုတ် ရဲ့ ချည်ခင် လေးကို
ကျွန်တော်ချစ်တယ်။
ချစ်လို့မပြီးမစီးတဲ့
ကဗျာတွေထဲမှာ
ဘဝက လိမ်လို့ မပြီး မစီးနဲ့
ဖြူသမျှတိမ်တွေဟာ
မကြာခဏ အခဲ့ကြ နခဲ့ ကြ
ယုံကြည်မှုတွေ ချောင်းဆိုးရင်
သွေး ပါ လာ တယ်။
ကြိုးတန်းလန်းနဲ့
အိမ်ပြန် ချိန်တွေ ပါ။
ဓာတ်ကြိုးတွေ အောက်
အိပ်ပေါက် နဲ့
ဖားကောက်နေ ခဲ့သူ တွေ
ချွေးတဒီးဒီးနဲ့
ခရီး ရှည် ခဲ့ကြပြီ။
နေ အ ဝေး
0 comments:
Post a Comment