တောင်ယာတဲကလေး
ဖျစ်ဖျစ်လောင်နေတဲ့တောမီး
ဝါခြောက်နေတဲ့မျက်ရိုင်းတော
တောင်ကုန်းဟာ
ကတုံးဆံတောက်လိုပုံနဲ့ကျိုးတိုးကျဲတဲပြုံးပြ
ခြောက်အက်အက်ရယ်သံနဲ့အတူ
မီးခိုးလုံးတွေမှုတ်ထုတ်လိုက်တယ်
ကဗျာဟာသံကုန်ဟစ်
ဒါပန်းချီကားတစ်ချပ်မဟုတ်ဘူး
မြူတွေနဲ့တောင်ခါးပန်း
မီးခိုးအူနေတဲ့တဲကလေးနဲ့တောကြက်ကလေးတွေ
ကဗျာဟာကြည့်ရင်းကြည့်ရင်းနဲ့မီးခိုးနင်သွား
တဖောင်းဖောင်းမြည်နေတဲ့ဝါးဆစ်ပေါက်ကွဲသံတွေကြားမှာ
ကဗျာဟာထပ်အော်တယ်
တောမီးရှို့တာ
ဒါဟာငါမဟုတ်ဘူး
ဖောက်ပြန်သူရဲ့ဓားစာခံ
ဒါ...ဟာ...ငါ...မ...ဟုတ်...ဘူး...။
"ဒါဟာငါမဟုတ်ဘူး"လို့
ကဗျာဟာအော်ဟစ်ရင်း
တဖြည်းဖြည်း
တဖြည်းဖြည်း
အရှိန်လျှော့ပြီးပြကွက်ကိုရပ်လိုက်တယ်...။
တောင်တန်းတွေ
မျှော်ကြည့်လိုက်ရင်ပဲ
ခြောက်သယောင်းနေတဲ့ကဗျာဟာ
မိုးသားကိုပုန်းခိုလို့
တွန့်လိမ်ခုန်ကြွ...။
ခင်ဘုန်းဝေဇော်
ဒီကဗျာလေးကို ဆရာမခင်ဘုန်းဝေဇော်ရဲ့ facebook wall မှ ယူလာခြင်းဖြစ်ပါသည်။
ဆရာမ wall ဆီသို့ သွား ချင် ရင် ဒီနေရာ ကနေ သွားနိုင် ပါသည်။
တောင်ယာတဲကလေး
ဖျစ်ဖျစ်လောင်နေတဲ့တောမီး
ဝါခြောက်နေတဲ့မျက်ရိုင်းတော
တောင်ကုန်းဟာ
ကတုံးဆံတောက်လိုပုံနဲ့ကျိုးတိုး
ခြောက်အက်အက်ရယ်သံနဲ့အတူ
မီးခိုးလုံးတွေမှုတ်ထုတ်လိုက်တယ်
ကဗျာဟာသံကုန်ဟစ်
ဒါပန်းချီကားတစ်ချပ်မဟုတ်ဘူး
မြူတွေနဲ့တောင်ခါးပန်း
မီးခိုးအူနေတဲ့တဲကလေးနဲ့တောကြက်
ကဗျာဟာကြည့်ရင်းကြည့်ရင်းနဲ့မီး
တဖောင်းဖောင်းမြည်နေတဲ့ဝါးဆစ်ပေ
ကဗျာဟာထပ်အော်တယ်
တောမီးရှို့တာ
ဒါဟာငါမဟုတ်ဘူး
ဖောက်ပြန်သူရဲ့ဓားစာခံ
ဒါ...ဟာ...ငါ...မ...ဟုတ်...ဘူး.
"ဒါဟာငါမဟုတ်ဘူး"လို့
ကဗျာဟာအော်ဟစ်ရင်း
တဖြည်းဖြည်း
တဖြည်းဖြည်း
အရှိန်လျှော့ပြီးပြကွက်ကိုရပ်လိ
တောင်တန်းတွေ
မျှော်ကြည့်လိုက်ရင်ပဲ
ခြောက်သယောင်းနေတဲ့ကဗျာဟာ
မိုးသားကိုပုန်းခိုလို့
တွန့်လိမ်ခုန်ကြွ...။
ခင်ဘုန်းဝေဇော်
About နေ အ ဝေး

0 comments:
Post a Comment