အသည်းကွဲ သီတင်းကျွတ်


ပေါက်​ကွဲသံ​တွေ နဲ့
မ​တော်​တဆ ယမ်း စင်​ သွားတဲ့ ဆက်​သွယ်​မှု အ​ ​ဝေး ပြင်​ပမှာ
နင်​ ဘာ​တွေလုပ်​ ​နေလဲ
နင်​ ဘယ်​​တွေ သွား​နေလဲ
လူသားစားတဲ့မြို့  မှာ
ဖ​ယောင်းတိုင်​ ​လေး ​တွေ ထွန်း ပြီး
ဝတ်​တတ်​​နေကြ​တော့
ငါ့ကဗျာ​တွေက
နင်​ကလွဲပြီး ဘာဝန်​မှ မနိုင်​​တော့ဘူး
ခြောက်​​သွေ့  သွားတဲ့ ရွှံ့  ​စေး တုံး ​လေး ​ပေါ် မှာ
'​မေ ဇင်​ ​မောင်​' ဆိုပြီး
နင့်​နာမ ကို မရ ရ ​အောင်
ငါ ​ရေးတယ်
ငါ့ ​ချွေးနံ့​တွေနဲ့
နင့်​ရာသီဥတုဟာ ပူ များ ​နေ မ လား  က ​လေး ​လေး
သ​င်္ကေတ​တွေ လွယ်​ပြီး ညကို ခို စီး ​နေရတဲ့
သီတင်းကျွတ်​ က
' ​ချစ်​တို့ အတူတူ ​လျှောက်​လည်​ကြ မယ်​ ​နော်​' ဆိုတဲ့ အချွဲ အနွဲ့   ​လေးကို
ကျောက်​ရုပ်​​ ဖြစ်​​စေခဲ့ပြီ
ကျမ်းကိုး ကျမ်းကား နဲ့
သီတင်းကျွတ်​မှာ နင့်​ကို ငါလွမ်း​နေတယ်
ငါ တအား လွမ်း ​နေတယ်
ဖုန်​မှုန့်​ သဲမှုန့်​ ဝါဝါလူးပြီး
နင့်​ကို ငါ လွမ်းတယ်
စနက်​တံ ​တွေ မီးရှို့  ​နေကြပြီ
က​လေး​ရေ
အ​မှောင်​ထဲက
ဆည်းလည်းသံ ​တွေကြားမှာ
ငါ့ကိုယ်​ ငါလည်း
အပြီးတိုင်​ ဖျက်​သိမ်းခဲ့ ပါပြီ။

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment