နို ဝင်​ ဘာ
ခိုကိုးရာမဲ့ ချိုင့်​ ဝှမ်း ​လေး မှာ
မင်​ နီ​ ​တွေ
အ​ညှောင့်​ထွက်​လာခဲ့တဲ့ နို ဝင်​ ဘာ
နံရံ ​ပေါ်မှာ ​ဆေး ​တွေ ​ကြွေကျခဲ့ပြီ။
မနှစ်​ကလိုပဲ
မိခင်​ တစ်​​ယောက်​လက်​နဲ့
ကျွန်​​တော့်​ကိုပွတ်​သပ်​​ပေးပါဦး နို ဝင်​ ဘာ
နားရည်​ ဝ ​နေတဲ့ အချွဲအနွဲ့​လေးမှာ
တစ်​ဘဝလုံး ​ခေါင်းအုံးခဲ့ပါပြီ။
ကျောင်းဆင်းချိန်​​တွေ က
ရုံးဆင်းချိန်​ ဖြစ်​ခဲ့ကြတယ်​ နို ဝင်​ ဘာ
ဘဝရဲ့ အကြိုအကြားမှာ
အင်​ ဂျင်​ နီယာမ ​လေး လည်း
ကျွန်​​တော့်​ကို ထား သွား ပါ ပြီ။
သူတို့ကို
ကျည်​ဆံအစစ်​တွေပေးလိုက်​ပါနိုဝင် ဘာ
ရေပွက်​​လေးထဲမှာ
ဝတ်​ ​ကောင်း စား လှ ​တွေ
ကျွန်​​တော်​ မဝတ်​ချင်​ ​တော့ ဘူး။
နို ဝင်​ ဘာ
ပြော ပြ လိုက်​ ပါ နို ဝင်​ ဘာ
ကျွန်​​တော့်​ရဲ့ ​မြေအိုးထဲက မာတိကာမှာ
မိုဟန်​ဂျိုဒါ မ ​တွေ့ ခဲ့ တဲ့
သူ့ နာမ ​လေး ပါသွားခဲ့တယ်
ဆိုတဲ့ အ ​ကြောင်း
ဒီ
နှစ်​ 
ဆောင်း မှာ
.... ... ... ... ...။
Share on Google Plus
About နေ အ ဝေး
    Blogger Comment
    Facebook Comment
0 comments:
Post a Comment