ကင်းစောင့် (မင်းခိုက်စိုးစန်)
ငါဟာ ကင်းစောင့်တစ်ယောက်ပါပဲ၊
တစ်ညလုံး မအိပ်စက်ဖြစ်ဘဲ
အလွမ်းတွေနဲ့ပဲ မိုးစင်စင် လင်းခဲ့တယ် …
“ချစ်တယ်” ဆိုတာ … ငါ့ဘဝရဲ့
ဘယ်ဝါကျမှာမှ မသုံးဘူးသေးတဲ့
ကြိယာတစ်လုံးပါ။
နှုတ်ခမ်းထူထူတွေနဲ့ လှောင်ပြုံး
မာယာများတဲ့ ငါးခုံးမလေးရေ
မင်းကြောင့်
ငါ့အိပ်မက်တွေ တစ်လှေလုံး ပုပ်ခဲ့ပေါ့ …။
မင်းခိုက်စိုးစန်
0 comments:
Post a Comment