စုန်းမ



ဆယ့်နှစ်ကြိုး က ဝေအတတ်နဲ့ …
(ငါ့ရင် ထဲက)
မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ “ရွာသူ” ရေ …။

ရင်ခုန်သံတွေကိုပဲ ခေါစာ ပစ်လိုက်တယ် …
သခင်မ … ပျော်ပါ … ပါးပါ၊
    စားပါ… သောက်ပါ၊

မရိုမ သေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း
    အပြစ်က လွှတ်တော်မှုပါ။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
    ပေးသနားတော်မှုပါ။

“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ …။

မင်းခိုက်စိုးစန်

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment