လိုချင်သမျှ ရမယ်ထင်လို့
ပူဆာသမျှ ပေးမယ်ထင်လို့
ကျွန်တော်
နှလုံးရောဂါ ရချင်ခဲ့တာပါ မေမေ။
ဒါပေမယ့်
မုဆိုးတွေ များလွန်းတဲ့ တောနက်ထဲ
စကားတွေလည်း မည်းလာသလို
အသားတွေလည်း မည်းလာခဲ့တဲ့
မေမေ့သားဟာ
ငယ်ငယ်ကလို
ပုရွတ်ဆိတ်လေးတွေ
ရေနစ်နေတာတွေ့ရင်
ဆယ် မပေးချင်တော့ဘူး။
အားနာလိုက်တာ ဆိုတဲ့
စကားလုံးကိုလည်း
လူတိုင်းအပေါ်
သိပ်မသုံးဖြစ်တော့ဘူး။
မိုးရေတွေ
အစောကြီး မှန် ခဲ့ရပေမယ့်
သားအပွင့်တွေက
သူများနောက်မှပဲ
ကျန်ပြီး ပွင့် ခဲ့ ရတယ် မေမေ။
မကြည်မလင်
သားရဲ့ရေတွင်းလေးမှာပဲ
ရေ ဆင်း သောက်နေရှာတဲ့
မေဇင် တစ်ယောက်ရှိနေသေးလို့သာပေါ့
မေမေရယ်။
ဒါမှမဟုတ်ရင်
ငရဲပြည်သွားမယ့်လမ်းမှာ
(သား)
တပည့်တပန်းတွေနဲ့
ပျော် နေ ဦး မှာ
နှစ်တွေ ဘယ်လောက်ကြာဦးမယ်
မသိဘူး ။ ။
နေ အ ဝေး
ဘလော့ပိုင်ရှင်ရဲ့ကဗျာတွေကလည်း
ReplyDeleteတော်တော်ကောင်းတယ်။
အယူအဆတွေ နဲ့အတွေးအခေါ်ကို
ကြိုက်ပါတယ် ။