မသန့်တဲ့ရေ မို့
ခင် များ ကို ကျူပ် သွန်ပစ်လိုက်ပြီ ငပလီ
ဇမရှိဘဲ လှိုင်းမပုတ်နဲ့
ဖြတ် ရိုက် ပစ်လိုက်မိမယ်။
အ ပေါ စား ၀လုံးလေးကို
ကျောက်သင် ပုန်း ပေါ်ရေးပြီး
ဝါးကပ်မိုးအိမ်လေးပေါ် တက် ချိတ်
ခင်များ က လေး တွေကိုပဲ တိတ်တိတ်လေး သင်ပေးပါ
ဒါ
လမင်းလေးပါ
လမင်းလေးပါ။
ခက်တယ် ငပလီ
ဘုရားသခင် မပါဘဲ ကောင်းကင်ဆီ မပျံသန်းချင်စမ်းနဲ့
လောက် ထ နေတဲ့ ညအမှောင်ကိုစားပြီး
သူတစ်ပါး အမှားတွေကို စောင့်မဖမ်းချင်စမ်းနဲ့
ခင် များ ပစ်ပစ်နေတဲ့ ကျည်ဆံက
မြို့ မဈေးထဲက
ငါးစိမ်းသည်မ အသံလောက်တောင်
ကြောက်စရာမကောင်းလှတာ
အားတော့နာပါရဲ့။
စီးပေဦးတော့ ငပလီ
ယုန်လေးတစ်ကောင် နှာစေးသယောင်
ခင်များ စီးပေဦး
စီးပေဦး
ပြီးတော့
"ညောင်တုန်းက မောင်အုန်းခင်မျာ
တရားထူးနဲ့ အဖျားရှူးသွားသဟဲ့"
ဆိုပြီး သင်္ဂဖာ ဆရာတော်ဘုရား မိန့်ခဲ့သလို မဖြစ်ရအောင်
ခင် များကိုယ် ခင် များ လည်း
စည်းပေဦးတော့ ငပလီ
စီး လေ စည်း ရစ် ပေ ဦး။
နေ အ ဝေး
လေ့လာချင်လို့ နဲ့ အတုယူ ဘို့သက်သက်ဘဲ
ReplyDeleteကဗျာတွေကိုလာဖတ်တာပါ၊ ကြိုက်ပါတယ်။
ဒါနဲ့...
သင်္ဂဇာ ဆရာတော်ဖြစ်ပါတယ်ခင်ဗျာ
သင်္ဂဖာ ဆရာတော် မဟုတ်ပါဘူးခင်ဗျ။
အမြဲတမ်းလာဖတ်အောင် စွဲဆောင်နိုင်သော
ဆိုက်လေးတစ်ခုဖြစ်ပါကြောင်း
အသိအမှတ်ပြုပါတယ်။