လွတ်လပ်ရေးအတွက် တို့အလှည့်


အောင်လံတော်တလွင့်လွင့်နဲ့
လေပြေတွေအားမာန်ဝင့်
ငှက်ကလေးတွေတေးသီဟစ်
ပန်းတွေရဲရဲပွင့်တဲ့နေ့
အဲဒီနေ့ကို့
ကျောက်တိုင်အိုနား
အဖွားပါးစပ်ဖျားနဲ့
စာအုပ်ကြားမှာ တွေ့တယ့့်
ညီနောင်အသက်သွေး
ဘ၀တွေစတေးပြီး
ယူပေးခဲ့ လွတ်လပ်မှု
သမိုင်းအတုတွေကြား
မှုန်ဝါးဝါးပုံပြင်သဖွယ်
အာဇာနည်အပေါင်းကို
အားနာတယ့့်။
ရင်မှာအသိတရား ကိုယ်စီပါ့
စစ်ဖိနပ်ထဲက ဖ၀ါး
လုံးပါးပါးလာတဲ့ လွတ်လပ်မှု
(၈၈)လူထု
အုံကြွမှုတွေမွေးဖွား
ရွှေဝါရောင်ကိုစော်ကား
မြန်မာပြည်သားဆို ကမာ့အလည်
စံတုစရာမဲ့ မျက်နှာငယ့့်။
“လွတ်လပ်ရေးနေ့”တဲ့လား
သခင်မျိုးဟေ့ဗမာဖွား
ဗိုလ်ချုပ်ထားခဲ့တဲ့အမွေ
ခေါင်းဆောင်ကေင်းတွေရှိတယ့့်
ဒေါင်းလံတော်တလွင့်လွင့်
လက်ဆင့်ကမ်းတဲ့ပွဲ
ငါတို့ပါဝင်နွှဲ့
တစ်လံတည်းအောက်မှာ
တစ်သံတည်းထွက်လို့
စစ်ဖိနပ်ကြိုးဖြုတ်
ရုန်းထွက်စို့သူငယ်ချင်းတို့
ဗမာ့လူငယ်သမိုင်း
ဒို့အလှည့်မှ
မရိုင်းစေနဲ့ဟေ့။ ။
Tuk Tuk (ထားဝယ်)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)၊ လွတ်လပ်ရေးနေ့ ကဗျာ (ပထမ ဆု)

Posted via Blogaway
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment