စံပယ်ပွင့်သံတွေ တချုန်းချုန်းနဲ့
ချစ်တေးသံတွေ တ၀ုန်းဝုန်းရွာတယ်။
လ က လေး တသာသာ
ဆံနွယ်စလေး တခါခါနဲ့
ရင်ထဲမှာ ဘာလိုလိုရယ်။
ကလူတူတူ မြူစူစူနဲ့
ပူးတုံခွာတုံ ဗျူဟာစုံတယ်။
ရမ္မက်နွေးနွေး ရှိုက်သံပေးလို့
လခြမ်းကလေး ကွေးခဲ့တယ်။
အဲဒီညဟာ
နှုတ်ခမ်းနှစ်လွှာ ရင်နှစ်မွှာနဲ့
ဟိုး....ကမ္ဘာအပြင် ကို ကြယ်ခူးထွက်ခဲ့တယ်။
ဥက္ကာကိုကို
ခုတစ်လော အလုပ်ကိစ္စများကြောင့် ကျွန်တော့်ဆိုဒ်လေးမှာ ကဗျာမတင်ဖြစ်တာ နည်းနည်းကြာသွားခဲ့
ပါတယ်။ ဘယ်သူတွေ အလည်လာသလဲ၊ မလာသလဲ၊ ကျွန်တော့်ဆိုဒ်ကို အားပေးနေတဲ့ ပရိသတ် ရှိသလဲ၊
မရှိသလဲ ကျွန်တော် မသိနိုင်ပေမယ့် ကဗျာတွေ မတင် ဖြစ်တာကြာသွားတာကို ကျွန်တော် အားလုံးတောင်း
ပန်ပါတယ်။
0 comments:
Post a Comment