စိတ္တဇ ည


ညနဲ့ ငါနဲ့
မတည့်တော့ဘူး။

တိတ်ဆိတ်နေတဲ့ လိုင်းပေါ်မှာ
ခင် များ တို့ အိပ်ပျော်သွားကြပြီလား။
ကိုညီရေ
ဘဘ view ရေ
ရဲလင်းတို့
ထက်အာကာ တို့ ရေ။

စိတ်က အစိတ်သားမပြည့်တဲ့ စိတ်ပေါက်လေးလို
ညက စိတ်ဆွဲတာခံလိုက် ရ တော့
စိတ်ထဲမှာ
ဆိတ်ပဲနဲ့ သောက် ခဲ့ သမျှကလည်း
ဆိတ်ဆိတ်ငြိမ် ကွယ်ပျောက်သွားခဲ့


အစိတ်သား မပြည့်တဲ့ ည
ဆိတ်သိုးတစ်ကောင် အယောင် ဆောင် ထားတဲ့ ည
စိတ်ပေါက်စရာ ည
ဆိတ်ပဲနဲ့ အဆိပ်ခတ်ခံ ခဲ့ ရတဲ့ ည
ဆိတ်ဆွဲခံ ရတဲ့ည
ဆိတ်ငြိမ်နေတဲ့ ည
စိတ်မငြိမ်ဖြစ်တဲ့ ည
ဆိပ်ကမ်းပေါ် စိပ်ပုတီးချော်တဲ့ ည။

စိတ်ပါလက်ပါ
ခင်များတို့အားရင် ထကြည့်ပါဦးဗျ
Facebook ပေါ်မှာ
စိတ်အုပ်တစ်အုပ်
အဆိပ်တွေကို စိတ်ခတ်ကျွေးနေပုံ
ယုံမလားတော့ မသိဘူး
ပျော်စရာကောင်းသည့် ည
ဒီည
ခုည။

ဤသည်ကို
စိတ်ပေါင်းကိုယ်ခွာ
လူကြီးမင်းတို့အား
ရှေးရိုးစွဲ စိတ်နဲ့
အ ကာရန်ပေါင်း
တစ်စိတ် ပေး လိုက် ပါ ကြောင်း။      ။


နေ အ ဝေး
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment