ကြယ်တွေက
ငါ့ထက်လှလွန်းလို့
မင်းမျက်လုံးလေးတွေကို
မြေကြီးထဲမြုပ်ထားမိတာပါ။
မင့်နာမည်လေးကိုလည်း
လူတွေဝိုင်း ခေါ် ကြ မှာစိုးရိမ်လွန်းလို့
သဝေထိုးနဲ့ငသတ်
ကိုယ်ဟာအဆိပ်ခတ်သတ်ပစ်ခဲ့တဲ့
ကောင်ပေါ့။
တူ့တူရေဝါး
လောကအိုကြီး နှုတ်ခမ်းဖျားမှာ
တစ်နေ့သုံးခါ
မင့်ဆံနွယ်တွေ ကို
လာ လာတွေ့ရချိန်
ကိုယ့်ဘဝလေးက ဝါဝါထိန်တယ်။
ဘယ်ဆရာတော်တွေ
ဘယ်လို ပဲ တရားချချ
ဘယ်လိုမှ တရားမရနိုင်တော့တဲ့
ဆူးခြုံလေးမို့
ဟောဒီ
စံပယ်ရုံလေးနံဘေး မှာ
လမင်းတေးတို့ ခြွေ ဆို ပါ ရ စေ။
ဘယ်သူ့မှ မပေးဘူး
ဘယ်သူ့မှ မပေးနိုင်ဘူး
ဘယ်သူကို့မှ မပေးပါဘူး
ဒါ။ ငါခူးဆွတ်ထားခဲ့တဲ့ ငါ့ နှုတ်ခမ်း
ရွှေဘုံသာလမ်းက ဟောဟို ဗန်းတွေထက်
မက်မက်စက်စက် ကို
ငါ ချစ်တယ်
ငါ ချစ်လွန်းရဲ့။
ဟိမဝန္တာတောင်တန်းကြီး
ထမ်းပြီး
လမ်းလျှောက်သလိုမျိုး
ကိုယ်ဟာ
မင်းကို
မွန်မြတ် မြတ်နိုးစွာ*
သယ်ဆောင် ခဲ့ ရ ပါတယ်။
နေအဝေး
*ဆရာမောင်လှမျိုးက အဲဒီတစ်ကြောင်းကို တည်းဖြတ်ပြင်ဆင်ပေးထာတာပါ..ဆရာ့ကို ကျေးဇူးပါနော်.....
ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်
0 comments:
Post a Comment