မလွတ်တဲ့ကိုင်းမို့
ခုတ်ခံခဲ့ရတယ် ဟန်နီ။
ငါက
သူတစ်ပါးပိုင် မြေကွက်ပေါ်မှာ
သစ်ပင်စိုက်မိခဲ့တဲ့ကောင်။
မင်းကသာ
ကန္တာရထဲ မခေါ်ဘူးဆိုရင်
သဲကြိုးပြတ်ခြေထောက်တွေနဲ့
မင်းရှေ့ရောက်အောင်
ငါလာရဲမှာပါ။
(၅၄)လမ်းထဲမှာ
ငါ့နာမည်ဟာ
မင်နီအထပ်ထပ်နဲ့
ညစ်ပတ်နေပြီကွဲ့။
ဈေးသိမ်းချိန်မှ
ရောက်လာတဲ့ ကောင်ကို
တစ်ရှူးစလေး တစ် စ လိုပဲ
လုံခြေလွှင့်ပစ်လိုက်ပါတော့ ဟန်နီရယ်။
ဘုရားအဆူဆူနဲ့ လွဲချော်ခဲ့ပြီး မှ
ဆီမီးခွက်တွေ ထွန်း
ဆုမတောင်းတော့ပါဘူး။
တစ်နေ့
တစ်နေ့
လက်မှတ်မရတဲ့ ပြဇာတ်ရုံရှေ့မှာ
ဆိုင်းဘုတ်လေးပဲ ငေးငေးပြီး
အိမ်ပြန်ခဲ့ရတာ
ပျော် နေ ပြီ။
နေအဝေး
Fashion Image,june,2011
ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်
0 comments:
Post a Comment