သတိရကြောင်း

 
 
မှော်ဆရာရေ

စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ

ဝိညာဉ်ကို ကော်နဲ့ကပ်ပြီး

လူဖြစ်အောင် ငါ အသက်သွင်းဖူးတယ်။



မီးခြစ်ကျောက်ကို

လက်သည်းနဲ့ ပွင့်ထွက်အောင်တောက်

မီးတောက်ကို ခါးကလိမ်ချိုး

စီးကရက်သောက်ရင်း ချောင်းလည်း ဆိုးဖူးတယ်



သူ့ခြေထောက်အတွက်

သူ့ဖိနပ်အတွက်

မြေပြင်သက်သက်ခင်းပေးစရာမလို

ကြယ်ကို ကြယ်နဲ့ ရံမတဲ့

သံအိပ်မက်ကြီးနဲ့

ပင်လယ်ရေပွက်ထဲကည

အားလုံးကို သူအပိုင်ရတယ် ..



ပထမတော့

လ ကိုခိုစီး

ကောင်းကင်ကြီးနဲ့တွဲက

စက္ကူ ဂစ်တာတစ်လက်ပိုက်ပြီး

ပျော်လိုက်ရတာ။



နောက်မှ

စကြဝဠာရဲ့

မဟာတွင်းနက်ထဲကို

လက်ကနဲခုန်ချ

သူ ဘယ်ဆီကျသွားသလဲ ။



ကဲ .. မှော်ဆရာ

အပိုင်းပိုင်း အထစ်ထစ်

သက္ကရာဇ်တို့ မပြိုခင်မှာ

သုညတစ်လုံးတည်းရှိတဲ့

သူ့ရဲ့ ဖုန်းနံပါတ်ဆီ ဆက်ပေးပါ



ဘာပဲဖြစ်ဖြစ်

ပဆစ်အိမ် ဝင်္ကဘာပျက်

နက္ခတ်ပျံရာည

ငါ သူ့ကို သတိရကြောင်း

ပြောပြပေးပါ ။ ။
 
 
 

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment