ဇာတ်ဝင် ခန်းက
ဇာတ်သိမ်းကို ဓားစိုက်ထားတယ်
နောက်ခံတီးလုံးက ဗီလိန်
ကျွန်တော့်သီချင်းလေး
မိုးမတိတ်တော့ဘူး မေမေ . . .
အရိုင်းပန်းကလေး
ကြွေ
တောရိပ်တောင် စွယ်က
တစ်စစ နက်လာတဲ့ မှော်
ကိုယ့်စိတ်ကိုယ် တေ့ဖြုတ်ဖို့
လမ်းဟောင်းက ဖဲ့ထွက်ခဲ့တာ
မှားတယ် . . . ။
ဒဏ် ရာကို လျှာနဲ့ပြန်လျက်ပြီး
ကြယ်တွေခြွေမယ့် သံစဉ်
စမ်းချောင်းလေးရဲ့ ပုံရိပ်ေ၀၀ါး စီးမျောမှုမှာ
အချစ်က
ဆုတောင်း မ ကောင်းခဲ့ဘူး
ဆိုတော့
ဘ၀က အသံထွက်ညံ့ခဲ့တယ် . . . ။ ။
ဆူးရင့်အိမ်
` ကဗျာတူ ကဗျာကွဲ ကဗျာစာအုပ်မှ
0 comments:
Post a Comment