လန်ဒန်မြို့တော်ကြီးမှာ ပျော်ရွှင်နေမှာလား ။
မိဘမဲ့က လေးကျောင်းမှာ လုပ်အားပေးတုန်းက ရခဲ့တဲ့
ပျော်ရွှင်မှု ခံစားချက်နဲ့တော့ မနှိုင်းယှဉ်လောက်ဘူး
ထင် ပါရဲ့ ဝေ ဝေ ရေ ။
ကျွှန်တော်တော့ လန်ဒန်ကို မေ့ပစ်လိုက်တာ ကြာခဲ့ပြီ
“စီးကရက်သောက်ခြင်းဟာ ငွေရေးကြေးရေးကို ဆိုးရွားစွာ
ထိခိုက်စေတယ်” ဝေ ဝေ ပြောတဲ့ ဒီစကားလေးဟာ
သိပ်ကိုမှန်တယ် ဆိုတာ သိခဲ့ပါပြီ ။ ကျွှန်တော်က
ဝေ ဝေ့ စကားတွေကို အမြဲတမ်း
နားထောင် ချင် သူပါ။
ဒါပေမယ့် အမိဒေသကို ကျွှန်တော်ချစ်တယ် ဝေ ဝေ
သူမက ကျွှန်တော့် ဝိဥာဉ်ကို ပိုင် ဆိုင် တယ်
သူမရဲ့ အလှက ခွဲသွားလို့ လုံးဝ မရတဲ့ စွဲလန်းစေမှု
ဒီ့ထက်ပိုပါတယ် ဝေ ဝေ ၊ ကျွှန်တော် ပြောနိုင် ရေးနိုင်
သမျှထက် သူမက ပိုတယ်လေ ။
တစ်ဦးတည်းသော တွယ်တာစရာ ကျွှန်တော့်အစ်မ
ဝေ ဝေ ရေ လွမ်းတဲ့အခါ ၊
သနပ်ခါးရနံ့ကို လွမ်းတဲ့အခါ ၊
ဆယ့်နှစ်လပွဲတွေကို လွမ်းတဲ့အခါ ၊
နာမည်ကျော် အပြုံးရိုးရိုးလေးတွေ မရှိတဲ့
လန်ဒန်မြို့တော်ကြီးမှာ ပျော်ရွှင်နေမှာလား ကျွှန်တော့်ရဲ့
အ ဝေးက
ဝေ ဝေ ။ ။
လင်းဆက်နောင်
0 comments:
Post a Comment