ဝင်းမြစ်


မြက်နုတွေကို စားကြည့်ချင်စိတ် ပေါ်လာတာမို့
မြက်ဖျားလေးတွေကို ကိုက်ဝါးကြည့်လိုက်တယ်
ထင်ထားတာနဲ့ တလွဲစီပါ ကျွန်တော့်သူငယ်ချင်း
Tကောင်ဟာ တီကောင်လေးတွေ ငယ်စဉ်အခါက
စားပြသူ၊ ကမ္ဘာရဲ့ အနက်တစ်နေရာမှာတော့
ချိုမြိန်မယ့် အဓိပ္ပာယ်ရှိမယ့် မြေနုမြေညွန့်တွေ
ရှိလိမ့်မယ်လို့ စိတ်ကူးရှိသူ ကမ္ဘာကို လူတွေက
လည်အောင်လှည့်တတ်နေပြီ ကိုယ့်လူ(သူ့လူ)
ကမ္ဘာဟာ ပေါ့ပါးတာမို့ ဂွမ်းစလို လွင့်ပျံ
ကာမဂုဏ် အာရုံတွေကို ဒီဂွမ်းစလေးနဲ့
သန့်စင်လိုက်ဖို့ ဘ၀ပေး တာဝန်တွေက
အထက်ပါ စာကြောင်း ဖြစ်တယ်။ လေကို
အချွန်ကလေးဖြစ်အောင် လေချွန်နေလိုက်
ပေါ့ပေါ့ပါးပါး လူတွေဟာ တစ်ဦးနဲ့တစ်ဦး
ဟုတ်ဟုတ်ညားညား လူ့မျက်နှာ မတူမှုကြီးတစ်ခု
ကမ္ဘာဦးကတည်းက မျက်နှာများသလောက်
မတူကြတဲ့အတွက် ရွှေနဲ့ ဝေးတာကြာပြီ
ဖြစ်တဲ့အတွက် ရွှေဈေးလည်း မသိတော့တာမျိုး
စက်ရုံထွက် ဆန်လာတဲ့အါ လက်ရာတွေ ထပ်တူ
ဘယ်သူမဆို ၀င်ရောက်ကူညီနေတာ အလှူမှာပဲ
တွေ့တယ် ဒသနတွေကို ဆွဲဖွင့်လိုက်တဲ့အခါ
ဘာဂျာတံခါးသံ ထွက်လာတယ် (ဆော့ခရတ္တိ)
ဆိုကရေးတီးသာ ကဗျာသမားဖြစ်လာမှာ
ငါ စိုးရိမ်တာ၊ ငယ်စဉ်တောင်ကျေး၊ ကလေးဘဝ
အိမ်ရှေ့ဖြတ်တဲ့ ကျောက်မီးသွေး စက်ခေါင်းတွဲကြီး
မတွေ့တော့သလို ကောက်ပဲသီးနှံတွေနဲ့လည်း
ကောင်းပါတယ်။ နေကြာပန်းပွင့်ကို ရွေ့စေပြီး
စက်တပ်ပန်းအဖြစ် ဖန်ဆင်းတဲ့ နေရောင်ရဲ့
ပြာနှမ်းနှမ်း အမူအရာပေါ့။ မြစ်ကို နေ့စဉ်
ဖြတ်သန်းနေပြန်တဲ့အတွက် ကျွန်တော်လည်း
ဝင်းမြစ် ဖြစ်လာတယ်။

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment