ပန်းသည်

မောင်လေးရေ ၊ ထပါတော့
ရောင်နီလာလှပေါ့။
တစ်ကြော့ နှစ်ကြော့ တေးကိုသီ
ငှက်ကြား နှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက် ကြိုင်လို့လန်း။
ဗန်းလေး ယူခဲ့မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းသည် လုပ်စို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး ။


                          မင်းသုဝဏ်



မြန်မာ ကလေးငယ်များ ကဗျာစာပေ ချစ်မြတ်နိုးရန်အတွက် "ကလေးကဗျာ"
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment