ပိုကောင်းတဲ့ အာရုံစိုက်ထားမှုတစ်ခုဟာ စားပွဲပေါ်
တင်ထားတဲ့အတွက် ပန်းအိုးဖြစ်လာတယ်။
ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ဖြတ်သန်းသွားတဲ့ပုံရိပ်တစ်ခု
ပုံရိပ်တစ်ခုကို ပုံရိပ်တစ်ခုချင်းနဲ့ ထပ်မံဆက်လာတာကြောင့်
နဂ္ဂတစ်တွေ လှုပ်လာတဲ့အတွက် သင်ဟာ လူဖြစ်လာတယ်။
သရုပ်ဆောင်နေတာ ခင်ဗျား ကျွန်တော် ကြာပြီ မဟုတ်လား။
သင်ဟာ သင့်ရဲ့ နဂ္ဂတစ်တွေ လှုပ်လာအောင် အမြဲပြုလုပ်နေရတဲ့အတွက်
ဓာတ်ပုံထဲက ငါးကလေးဟာ ကျွန်တော်ပါပဲ။
ဘယ်လမ်းမပေါ်မဆို စီးတတ်ရင် စက်ဘီးဖြစ်တယ်ဆိုပြီး
လေမရှိတဲ့ ဘီးကို တွန်းတင်လာမိတော့ ဆစွီဖတ်စ် ဖြစ်လာတယ်။
ကျွန်တော်ဟာ ကျွန်တော်ရှိကြောင်း ခဏထုတ်ကြွားချင်တာကြောင့်
စာမျက်နှာပေါ် ခဏသုံးစွဲခွင့်ပြုလိုက်သလို
လျစ်လျူရှုခံစားရတဲ့ အခြားခင်ဗျားတွေလည်း
ဒီလိုင်းပေါ်မှာ မသိမသာ ရိပ်ကာဝဲကာ တင်ဆက်မှုမျိုးနဲ့
ပါဝင်ချင်နေတယ်။ အင်္ဂါနေ့မှာ ပါဝင်မှီတင်း
နေထိုင်လာတာကြောင့် အခုလို သမာသမတ် ဖြစ်ပေါ်လာတယ်။

ဝင်းမြင့်
0 comments:
Post a Comment