နိုင်ငံရေး


  • နိုင်ငံရေးဆိုရင် စိတ်ရှည်လက်ရှည်ရေး နှစ်တိုနှစ်ရှည်ဆိုတာမျိုး
    အင်္ကျီလက်ရှည်နဲ့ရေးရေး လက်တိုနဲ့ရေးရေး ရေးလို့ရတယ်
    ခဲတံနဲ့ရေး ဘယ်နိုင်ငံရဲ့ ပုံကိုမဆို ရေးလို့ရတယ်
    လွယ်လွယ်ကူကူနဲ့ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ ကွန်တိုဂရပ်ဖ်
    သုံးလို့ရတယ် စိတ်မရှည်လို့ လော်ကရစ်သမ်ကြီး ကျကွဲတာမျိုး
    လက်မခံဘူး ရော်ရမယ် ခဲဖျက် ခဲတံ ပေတံ အသင့်ပြင်
    ၁၅ မိနစ်အချိန်ပေးမယ် ကဲ စ စပြီ မြန်မြန်ဆွဲ မြန်မြန်ရေးတော့
    နိုင်ငံရေးဆိုတာနဲ့ အတန်းနောက်က ရောင်ချီးပေ (ကြီးဗွေ)တို့
    အချင်းချင်း ကူးမချကြနဲ့ ဆရာစိတ်ဆိုးရင် သိတယ်နော်
    သိတယ် နိုင်ငံရေးဆိုရင် နိုင်ငံပုံကိုရွေး နိုင်ငံပုံကို ရေးနိုင်မှ
    အမျိုးသားရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစု၊ ဘာသာ သိလာမယ်
    အထူးခြားဆုံး နိုင်ငံရေးတဲ့ အထဲမှာ ဂွာဒီလုမ်နိုင်ငံငယ်လေးရဲ့ပုံ
    လူဦးရေတစ်သန်းလောက်ပဲ အခုရှိမယ် အလွယ်ဆုံးရေချရင်
    လက်တစ်ဖျစ် ကျွန်းစုလေး၊ နိုင်ငံရေးနေတာကြာပြီ မိစာ(မီးစား)တို့
    ရှပ်ပြာတို့ ညည်းတို့ ရှေ့အတန်းအုပ်စုဟာ စာကတော့
    တော်ကြပါတယ် နိုင်ငံရေးဆိုရင် အမြဲစူပုတ်ရှုပ်ထွေးနေတာပဲ
    ဆရာပြောမယ် နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေ
    ဖြစ်အောင် လုပ်တာတဲ့ တခြားလျှောက်မပြောနဲ့ ဟေ့ကောင် ငြိမ်းချမ်းဆရာပြောတဲ့
    ရန်သူကို မိတ်ဆွေတွေဝိုင်းလုပ်နေတာ့ ရန်သူက ခံပါ့မလားကွာ မင်းဘိုးအေ
    အဲဒီလို ပြောတာ မဟုတ်ဘူး မိတ်ဆွေကို ရန်သူလုပ်ပစ်တာတဲ့ ဆရာကြားတယ်
    ရှူး တိုး တိုး ဟေ့ကောင် ရှပ်ပြေး မင်း ကောင်းမြတ်ဆုဝေထွန်းနဲ့
    ရေမိုးထဲမှာ မိုးမှာရေထဲ ရင်ထဲ လည်ချောင်းထဲ ကျင်ချောင်းထဲ
    မိုးရွှဲတဲ့နေ့မို့ ဆီးဟာသွားချင်လာတယ် ဆီးခုံတောင့်လာတယ်
    ကားက ခဏခဏဆောင့်တယ် ဘီယာသောက်လာတယ်
    သေးဟာ မခံမရပ်နိုင်လောက်အောင် ပေါက်ချင်လာတယ်
    မှတ်တိုင်မှာအမြန်ဆင်းပြီး ဓာတ်တိုင်ကို ကွယ် ကပ်ပန်းလိုက်တယ်
    ကျင်ငယ်ဟာ ပန်းထွက်သွားတယ် အတော်သက်သာသွားတယ် မိုးကို
    လေးလေးနက်နက် စိုက်ကြည့်လိုက်တယ် “လေးစားပါတယ်”။
    ၈၊ ဇူလိုင်၊ ၂၀၀၉
  • Tuesday
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment