ကမ္ဘာအနှံ့ က "ရွှေ" တံဆိပ် လော်စပီကာတွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့ မွေးရပ်မြေ အကြောင်းနဲ့
ခင်းများတို့ နားထဲကို သံရည်ပူလောင်း ပါရစေ။
ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေ အကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ဂွင် ရှာ နိုင် မှ သူဌေးလောင်း ဖြစ်နိုင်မယ်။
ညဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
"မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော်" တဲ့။
ဈေးသည်မလေး တစ်ယောက်က ၀ယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်။
ရှေ့နောက် မစဉ်းစားမိတဲ့ မောင်နှံ
ရှိသမျှပစ္စည်းလေးတွေ ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။
ဂျာနယ်တွေ အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့က လမ်းမတွေပေါ် တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေစင် အောင် မောင်း သွား။
ငါတို့ ငိုသံတွေကို
အိမ်နီးချင်းနိုင်ငံ တစ်ချို့က မကြားချင်ယောက်ဆောင်နေကြတယ်
ဖျာခင်းချင်သူ တစ်ချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။
မီးခဲကိုင်ထားရတယ် ဆိုတဲ့ စေတနာရှင်တို့၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့ လူ့ပြည်ကိုဖျက်နေတာလား။
ခင်များတို့ စကားလုံးကြီးကြီးတွေက ကော်ပီသံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညည်းနေပြီ...အော်ဂလီ ဆန်ချင်စရာ။
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့
ငါ့ခြေထောက်တွေကတောင် ငါ့ကို ပြောတယ်
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း ဖောက်ပြန်တယ်
အရှုံးပေးလက်မြောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့
စိတ်ထဲမှာပဲ သိမ်းထားခဲ့ရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာက ဇောက်ထိုးတွေ။
လူ့သက်တန်းတစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တ၀က်ကို ဆက်လျှောက်လှမ်းဖို့ တောင်း အီလာပြီ။
ဆန်တစ်ပြည်ကို '၁၅၀၀ တောင်' အဲဒါ အဖွားညည်းတဲ့အသံ
'မြန်မာပြည်ဟာ ဘယ်သူ့မှ မနေချင်ကြတော့တဲ့ အရပ်ဖြစ်သွားပြီ' အဲဒါ
ခါုးသီးတဲ့ အမှန်။
ဒီကြားထဲ
နာဂစ်က တစ်ချက်မွှေ့
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့လူတွေကလည်း အကွုက်ရွှေ့
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့
မြန်မာပြည်ကြီးကတော့ ၀မ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရက သူခိုးဓါးပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျ နေ လို့
သူများဆီမှာ ကျွန် ခံ ဖို့ Go ကြပေ ဗျို့။
ကောင်းကင်ကို
(မကျွတ်သေးတဲ့ တစ္ဆေ) ကဗျာစာအုပ်မှ
မျှဝေခွင်ပြုပါ
ReplyDelete