နှုးအိနေတဲ့ အသံ




အသက်ပြင်းပြင်းတောင်
မရှု ရဲ ဘူး၊
ဆပ်ပြာ တွေထဲမှာ
သစ်သီး တွေနဲ့ ။
ကိုယ့် ဆပ်ပြာ
ကိုယ်
စောက်ရှက်မရှိ ဆူဆူညံညံ
ပြန်မဆက်ချင်ဘူး
ဒါ
ပေမယ့်
ပြန်ဆက်နေရတယ်
စောက်ရှက်ပဲ
လို့ တစ်ထစ်ချတွက်ရင်း
တိမ်တွေ ကြား ထဲကို ငါ့ ရုပ်ထု ကြီး ထိုးထွက်
နေပုံများ၊
ငါ့ကို သင်တို့ ကိုးကွယ်ပါ၊ ငါ့ အရှေ့မှာ ၀တ်ပြု ပါ၊
ငါသည်
ငါ့ ဖဲကြွေးများအား သင်တို့ကို ဆပ်ခိုင်းလိမ့်မည်မဟုတ်
(သင်တို့၏ ဖာကြွေးများကိုလည်း ငါ ဆပ်ပေးလိမ့်မည် မဟုတ်)
ငါသည် သင်တို့၏ အလှဖန်တီးရှင် ဘုရားသခင် ဖြစ်၏ . .
လောက ခြောက်ဆယ့်ကိုးပါး
နဲ့
အကြွေးကြေတဲ့ နေ့ နင်နဲ့ ငါနဲ့ သေခန်းပြတ်ပဲ နင့်ကို ငါ မချစ် ချင်တော့ဘူး
နင်က အိပ်ရာထဲမှာ သက်လုံ မကောင်းဘူး
ငါဟာ အပျံသင်ကာစ
မြီးကောင်ပေါက် မလေးရဲ့ ပင်တီထဲက
ဖျောက်ဖျက်ခံရတဲ့ အလောင်းကောင်
တစ်ဖြစ်လဲ
လျှာပုံတော် မင်းသားကြီး
တစ်ဖြစ်လဲ
“တစ်လောက ပြီးသွားတဲ့ မိုးပျံတံတားကြီး ပေါ်အားယူတက်ရင်း
သူရဲကောင်းစိတ်တွေဖြစ်လာတဲ့ ဖိနပ်ချုပ်ဆရာ” (သိုးထိန်း)
သူဟာ ဇာတိမာန် သီချင်းကို
ရင်ကော့ခေါင်းမော့
အော်ဆိုပြီး
ပြတင်းပေါက်ကနေ ၀ူးဝူးဝါးဝါး ခုန်ချသွားလိုက်ချင်တယ် တဲ့
ခေတ်ကြီးက သံဇကာတွေ ကာထားတော့
(ပြတင်းပေါက်တွေကလည်း သံဇကာတွေ ကာထားတော့)
အကောင်းစား ထောင်တွေမှာ ကိုယ့်ကိုကိုယ် သတ်သေ ဖို့အရေးဟာ
ထင်တာ
ထက်
ခက်ခဲမှန်း သိလာတယ်
လို့ စကင်ဒီနေးဗီးရား ထောင်ဘဲတွေ လျှောက်ဖော သလိုပေါ့ တဲ့
Pillars အောက်မှာ
မေ့ကျန်ခဲ့တဲ့ ကျွန်မ ထမင်းချိုင့်လေး
ထဲကို ပါးဗလော့ဗ် ခွေးတွေ
သေးလာပန်းသွားကြတယ်
ငါ့ထောင်ထဲမှာ
ငါ့ စိတ်တွေ ရေချိုးကြတနုး
ပြုတ်ကျသွားတဲ့ ငါ့ ဆပ်ပြာဟာ
ငါ့ အတ္တကို B ပွင့်စေတယ်
ရှုပ်နေတာပဲ
နားထဲက
အလိုမကျမှုတွေထဲမှာ
ကျီးကန်းတွေ တည်ဆောက်တဲ့
လူ့အဖွဲ့အစည်း
ပလတ်စတစ်အိပ်ထဲမှာ ပဲ အိပ် ကြရအောင် ကိုကို ရယ် . .



လင်းနီညို
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment