သင်ပစ်လိုက်တဲ့ စံပယ်



“တောင်ပုံ ရာပုံ ဖြစ်နေတဲ့ ဖိနပ်တွေလောက်
 မျှော်လင့်ချက်မဲ့တဲ့ သေခြင်းတွေ ကို
 ပြ နိုင်တာ မရှိတော့ဘူး” 
(ဂျက်ဖရီ ကောလင်း)

အစကတော့
နွားအော်သံ လိုပဲ
နားထဲ ၀င်ဝင်လာတာ

နှစ်ပေါင်း များစွာကြာတော့
အဲဒီနေရာမှာ
ဝတ်ပြု ကြတဲ့၊ ၀တ်
ပြုချင် သပ ဆို
ခြေကော့လက်ကော့
ဝင်ပြုသွားလို့ရတဲ့၊

အဆောက်
ကြီး
အုံ
လိုက်ကြသတဲ့

အသံပေါ်မှာ

အတာ နင့်ကို ငါ သတ်ချင်တယ်
နင့် အသံဟာ UPS မီးအားမပြည့်လို့
သေနတ်ပစ်နေတဲ့ အသံလိုပဲလို့
တစ်ယောက်ယောက်က ပြောလိုက်သေးတယ်

ဆေးရုံပေါ်မှာ
ကိုယ်နဲ့ ခေါင်း ပါမလာတဲ့
ခြေတွေ၊ လက်တွေ ချည်းကို
ဝိုင်း ဆေးကုနေကြရတယ်

လခွီး
အဲဒါမှ မကုသ ရင် ဆေးရုံ အနောက် ရေကူးကန်ထဲမှာ
သေးသွားပေါက်
နေရမှာလား

လို့ ဒေါက်တာ ဂျင်ဒေါင်ဝူး က
ရွှစ် ခနဲ
 ပြန်ပက်တယ်

နဖာကလော်သံနဲ့ ကုက္ကိုလ်ပင်နဲ့
ဂဏန်းတွက်စက်နဲ့ စက်ရုပ်တွေရဲ့ လိင်အင်္ဂါ နဲ့
ကို

(အပူနဲ့ အအေးလို၊ အချစ်နဲ့ အမုန်းလို၊ အကောင်းနဲ့အဆိုးလို)
နှစ်ခုတွဲ ပြောင်းပြန်တွေလို့ အစိုးရက သတ်မှတ်လိုက်ရင်
ဘယ်နဲ့လုပ်မလဲ

ဘဲ့နယ့် မှ မလုပ်ဘူး
လိင်စိတ်ထနေတဲ့အချိန်
ခွေးကိုက်ခံ ထိတာလောက်
တိုင်းပြည်ကို နစ်နာ စေတာ မရှိဘူး

အသက်အရွယ်အရ
မမ
တွေကို မချစ်သင့်တော့ဘူးလို့
ကိုသန်းကြီး
သီချင်းဆိုသလိုပေါ့

တို့ကျတော့
တရားပိုင်ခွင့်မရှိတော့
ဘူးဆိုတာတော့

မတရားဘူး ဟယ်
သူ့ တင်ပါး ကျတော့ တင်းအိ စွင့်ကား နေတာပဲ
ဘုရားသခင် မတရားဘူး ဟယ်
ပြောရမယ်ဆို
တင်ပဆုံရိုးဟာ ဘ၀ ရဲ့ အနှစ်သာရပဲ
အချို့တွေ မိုင်းနင်းမိကြတယ်

ယမ်း က အရင်
ထက်ပိုင်းကျိုးကြေနေတဲ့ အနှစ်သာရ က နောက်မှ
လို့
သူ ပြောပြီးရယ်တယ်

ဟိုတစ်နေ့က မန္တလေး က ဈေးချို
 တစ်ခုမှာ
သူ မုတ်ဆိတ်ရိတ်ဓါး
ဝယ်ရင်း
မန္တလေး က ဈေးချို က တစ်ခု
ဆိုတဲ့ အသုံးကို
ဒီဆက်စပ်ဝန်းကျင်မှာ
သုံးလို့ရသလား
မှန် ထဲကို လှမ်းမေးတယ်
ကလူဒီ ဂွန်ဇာလက် ကတော့ သုံးလို့ရတယ်လို့
ဝင်ဖြေတယ်

ဘာမှဖြင့် မသိဘဲ
မသိ နေတာဟာ
အဘထ နေ့တိုင်း မရူရလို့ ဦးနှောက်ပိတ်နေတာ
ကမ္ဘောဒီးယား နိုင်ငံသွားလည်ပြီး အဲဒီက
မြာ လေးတွေနဲ့ ကဲလိုက်ပါလား

အူကြောင်ကြောင်နဲ့
ထမင်းစားတာရပ်
ရောင်ခြည်ဓါးနဲ့ ၀ိုင်ပိုင်းခံထိထားတဲ့
ဟတတ ဒဏ်ရာထဲ
ချစ်ကြည်ရေး တက္ကစီ မောင်းနှင်သူတွေ
မောင်းဝင်ကုန်ကြတယ်

နားမကြားတဲ့ လင်းနို့
ခေါင်းပျော့တဲ့ အလင်း
မကျက်သေးတဲ့ သစ္စာ
သုတ်မခိုင်တဲ့ သစ်ပင်

ရင်ထဲက ငုတ်ကို
ခြေမ နဲ့ ဆွဲနုတ် သွားတယ်
ဆံပင်တွေ လေမှာ လွင့်လို့ပေါ့

လေမှာမှ မလွင့်ရင်
ဘယ်မှာသွားလွင့်ရမလဲလို့
ဒေါက်တာ ဂျန်ကေးစီ က ပြန်မေးရင်
ဖြင့်
ဒုက္ခ

သွေးဆေး တွေ ပေနေတဲ့
လက်ညိုးကလေးကို စွဲ စုပ်ပလိုက်တယ်။

လင်းနီညို
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment